စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗြိတိန်မှာ ဖုန်းပြောစရာနေရာများက ဖုန်းအားသွင်းစရာနေရာများ ဖြစ်သွား





ယနေ့ခေတ်မှာ လူတိုင်း လက်ထဲမှာ ဖုန်းတွေ ကိုယ်စီ ရှိကုန်ပါပြီ။ ဒါကြောင့်မို့ တစ်ချိန်တုန်းက တည်ဆောက်ခဲ့တယ်ဆိုတဲ့ လမ်းထောင့်နားတွေက ဖုန်းပြေ စတေရှင်တွေဟာ ဖုန်းပြောမယ့်သူမရှိတော့ပါဘူး။ ဒါပေမယ့် ရှိရင်းစွဲ နေရာလေးတွေကိုလည်း မပျောက်စေချင်တော့ နည်းပညာ တစ်ခုနဲ့ ပြောင်းလဲလိုက်ပါတ်။ ယင်းကတော့ ဖုန်းစတေရှင်တွေကို ဆိုလာပါဝါ ခေါင်မိုးတတ်လို့ လျှပ်စစ်စွမ်းအင် သိုလှောင်တဲ့ နေရာလေး တစ်ခု အဖြစ် ဖန်တီးလိုက်ပြီး စမတ်ဖုန်းများ အားသွင်းဖို့ နေရာ တစ်ခု အဖြစ် ဖန်တီးလိုက်ပါတယ်။

ဒီတော့ ဖုန်းအားသွင်းလိုသူများ အထဲမှာ သွင်းနိုင်ပါတယ်။ ဒါ့အပြင် စာကြည့်လိုက် အသေးစားလည်းလုပ်မှာ ဖြစ်တာကြောင့် စာလည်း ဝင်ရောက် ဖတ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ယောက် ဖုန်းအားသွင်းနေချိန်မှာ အခြား တစ်ယောက်လည်း သွင်းလို့ရမှာပါ။ နေရာက ကျဉ်းပေမယ့် အားသွင်းစရာ ကြိုးကတော့ ငါးကြိုး၊ ခြောက်ကြိုးမက ပါဘူး။ ဗြိတိန် နိုင်ငံ လန်ဒန်တင် မက အခြားသော မြို့ကြီးတွေက ဖုန်းပြော စင်တာ များ အားလုံးကို ယခုလို ပြောင်းလဲမှာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အိုင်ဒီယာကို သဘောကျလို့ အခြားသော ဥရောပနိုင်ငံများပါ လိုက်လံ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ခေတ်ပြောင်းလာတဲ့အလိုက် မူလ ပစ္စည်းဟောင်းကိုပဲ ခေတ်သစ်မှာ အသုံးင် အကျိုးရှိတဲ့ ပစ္စည်း တစ်ခု ဖြစ်အောင် ဖန်တီးနိုင်တာဟာလည်း လေးစားစရာ ပညာရပ် တစ်ခုပဲ ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/10/blog-post_6.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...