စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခြေထောက်ကို သစ်ကိုင်းခြောက်လိုဖြစ်သွားစေသည့် မြွေဆိပ်


                       

Tuesday, October 28, 2014

ဗင်နီဇွဲလားနိုင်ငံတွင် ၁၃နှစ်အရွယ်မိန်းကလေးတစ်ဦးကို ကိုက်ခဲ့သည့် မြွေဆိပ်သည် ခြေထောက်တစ်ခုလုံးအား ညိုမည်းခြောက်သွေ့ ကာသစ်ကိုင်းခြောက်ကဲ့ သို့ ဖြစ်စေသွားစေသည်။

snake
 
မြွေဆိပ်သည် ဆဲလ်များကို သေစေပြီး ကိုယ်ခန္ဓာအသွေးအသားများ ပျက်ဆီးရကာ အဆိပ်ပျံ့ ရာ တစ်လျှောက် အသားများ ယိုယွင်းပုပ်သိုးကာ သေဆုံးခြောက်သွေ့ သွားစေခြင်းဖြစ်သည်။
 
မြွေကိုက်ခံရသည့် မိန်းကလေးဖြစ်သူ မည်သူဆိုသူကို ထုတ်ဖော်ခြင်း မရှိသော်လည်း သစ်ကိုင်းကဲ့ သို့ ပုပ်သိုးခြောက်သွေ့ သွားသည့် ခြေထောက်ကို ရိုက်ကူးထားသည့် ဓာတ်ပုံကို ဆရာဝန်များက ရရှိ ခဲ့သည်။

ကာကာရပ်စ်တွင် ၎င်းမိန်းကလေးကို ဆေးဝါးကုသပေးလျက်ရှိသည်။ သတင်းဌာနသို့ ယင်းဓာတ် ပုံ ကို ပေးပို့ သည့် ဆရာဝန်က မိန်းကလေး၏ ခြေထောက်ကို ဖြတ်ပစ်ရန်လိုကြောင်း၊ မြွေဆိပ်ကြောင့် လူမသေမီ ယင်းခြေထောက်ပိုင်းများ သေသွားခဲ့ရပြီဖြစ်ကြောင်း ပြောသည်။

`မြွေဆိပ်က အလွန်ကို ရှုပ်ထွေးတယ်။ မျိုးစိတ်ပေါ်မူတည်ပြီး မြွေဆိပ်အန္တရာယ်အမျိုးမျိုးရှိနေတယ်။ ဒါပေမယ့် ဓာတ်ပုံကြည့်ပြီးပြောနိုင်တာက လူနာမိန်းကလေးရဲ့ ခြေထောက်တွေက ပျက်ဆီးသေဆုံး သွားပြီ။ ဖြတ်ပစ်ဖို့ လိုလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် လူပါသေဆုံးသွားမှာ ဖြစ်တယ်။``ဟု လီဗာပူးလ်ရှိ ဆရာဝန်တစ်ဦးဖြစ်သည့် အရမ်ဂို့ ရှ်ကပြောသည်။

`ကလေးမလေးရဲ့ ခြေထောက်အောက်ပိုင်းတစ်ခုလုံး မည်းခြောက်နေပြီ။ အဆိပ်ကလည်း ဆက်ပျံ့ နေ တယ်ဆိုတာ ကျန်ကိုယ်အပိုင်းတွေကို ကြည့်ရသိနိုင်တယ်။ မြွေဆိပ်က သူ့ ကြွက်သားတွေကို ဖျက်ဆီး ပစ်နေပြီ။ ကျန်ခြေထောက်ကလည်း ပိန်လှီနေတာ တွေ့ နိုင်တယ်။ ဒါကြောင့် အသက်ပါသေဆုံးသွား ဖို့ များတယ်။``ဟု၎င်းက ပြောသည်

Mizzima
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...