စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိန္ဒိယ အစားအစာနှင့် သီးနှံ ဈေးကွက်တွင် လေလွင့်ဆုံးရှုံးမှု အလွန်များပြား



ကမ္ဘာပေါ်တွင် နှစ်စဉ်ထတ်လုပ်နေသည့် အစားအစာများ၏ ၃ ပုံ ၁ ပုံခန့် မှာ လေလွင့်ဆုံးရှုံးလျက်ရှိသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့က ခန့်မှန်းထားသည်။

လူဦးရေ ၁.၂ ဘီလီယံရှိ အိန္ဒိယတွင် နေ့စဉ်အစာပုံမှန်မစားနိုင်သူ သန်းနှင့်ချီ၍ ရှိနေသည်။ ငတ်မွတ်မှု ပြဿနာ၏ အဓိကအကြောင်းရင်းမှာ စားနပ်ရိက္ခာ ထုတ်လုပ်မှု မလုံ လောက်ခြင်းကြောင့်မဟုတ်ဘဲ လေလွင့်ဆုံးရှုံးမှုပမာဏ များပြားခြင်းတို့ကြောင့် ဖြစ်သည်။ အိန္ဒိယအလယ်ပိုင်းရှိ ဘိုမယ် ဟင်းသီး ဟင်းရွက် လက်ကားဈေးမှာ မာဒယာပရာဒေ့ရှ် ပြည်နယ်တွင် အကြီးဆုံးဈေး တစ်ခု ဖြစ်သည်။ ဈေးသို့နေ့စဉ်ရောက်ရှိလာသည့် ဟင်းသီးဟင်းရွက် ပမာဏ အများအပြား ရှိသော်လည်း ထက်ဝက်ခန့်မှာ ၀ယ်သူလက်သို့ မရောက် မီ လေလွင့် ပျက်စီးသွားရသည်ဟုဆိုသည်။

ဟင်းသီးဟင်းရွက်များသယ်ယူရာတွင် အချိန်များစွာကြာမြင့်သည့်အပြင် အအေးခံ ၍ သယ်ယူခြင်း၊ သိုလှောင်ခြင်းမပြုနိုင်သဖြင့် ရောင်းချ ချိန်တွင် လတ်လတ် ဆတ်ဆတ်မရှိ တော့ပေ။ အိန္ဒိယအစိုးရစာရင်းများအရ သယ်ယူ ပို့ဆောင်ရေး ပြဿနာ ကြောင့် နှစ်စဉ်စွန့်ပစ်ရသည့် အစား အသောက်များ၏ တန်ဖိုးမှာ ဒေါ်လာ ၈.၃ ဘီလီယံထိရှိသည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံ တစ်ဝန်းရှိ လက်ကားဈေးများတွင် အစားအသောက်လေ လွင့်ဆုံးရှုံးမှုကြီးမားခြင်းက အိန္ဒိယ၏ အစားအစာလုံခြုံမှုကို ခြိမ်းခြောက်နေသည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

ဟင်းသီးဟင်းရွက် လက်ကားဈေးသည် တစ်ဦးဖြစ်သူ မစ္စနုဆင်းက “မနက်ပိုင်း မှာ ၁၀ ရူ ပီးနဲ့ ရောင်းလို့ရတဲ့ ဟင်းသီးဟင်းရွက်က ပို့တဲ့ ထရပ်ကား နောက်ကျ ရင် ၅ ရူပီးပဲရပါတော့တယ်။ ဒါဟာ ဟင်းသီးဟင်းရွက်ကုန်သည်နဲ့ လယ်သမားတွေ အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ”ဟု ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုစာရင်း ၂၀၁၄ အရ အိန္ဒိယ၏အခြေအနေမှာ အရေးပေါ် အခြေအနေမှ ဆိုးဝါးအခြေအနေသို့ တိုးတက်လာသော်လည်း ငတ်မွတ်သူ သန်း ၁၉၀ ကျော် ရှိနေသည်ဟုဆိုသည်။ အဓိကပြဿ နမှာ ထုတ်လုပ်မှု မဟုတ်ဘဲ လေလွင့် ဆုံးရှုံးမှုဖြစ်ကြောင်း စာရင်းများက ပြသလျက် ရှိသည်။ မနှစ်က အိန္ဒိယတွင် အစားအစာထုတ်လုပ်မှု တန်ချိန် ၂၆၃ သန်းရှိပြီး တန်ချိန် ၃၃ သန်းမှာ ပိုလျှံထုတ်လုပ်မှုဖြစ်ခဲ့သည်။ စားနပ်ရိက္ခာ ဖူလုံရေး အတွက် ထောက်ပံ့ရေးလမ်းကြောင်းများ စီမံခန့်ခွဲမှုမှာ အဓိကဖြစ်သည်ဟု စီးပွားရေးပညာရှင်များကဆိုသည်။

စိုက်ပျိုးမွေးမြူ ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမှာ အိန္ဒိယအစိုးရ၏ ဦးစားပေး အစီ အစဉ်ဖြစ်သည်။ အဆိုပါကဏ္ဍအတွက် ခွင့်ပြုထားသည့် ဘတ်ဂျက်ဒေါ် လာ ၃၂၇ သန်းအနက် ပမာဏအများအပြားကို အစားအစာလေလွင့်မှု လျှော့ ချရေးနှင့် ထုတ်လုပ်မှုလုပ်ငန်း အရည်အသွေးတိုးတက်ရေးအတွက် အသုံးပြု သွားမည်ဟုဆိုသည်။

KHTun

The Ladies News Journal


https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.1788

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...