စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပဲတိုင်ထောင်စိုက်ပျိုးမိသားစုဝင်ငွေတိုး



ရေတာရှည် အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မအူတုန်း ကျေးရွာ ရှိ ပြည်သူများသည် မိမိတို့၏ ပင်မစီးပွားရေး ဖြစ်သည့် လယ်ယာ လုပ်ငန်းကို အဓိကထား စိုက်ပျိုးသော်လည်း မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် နှင့် အပိုဝင်ငွေ ရရှိစေရန် ပဲတိုင်ထောင် စိုက်ပျိုးခြင်းကိုလည်း တဖက်တစ်လမ်းမှ လုပ်ကိုင် လျှက်ရှိကြသည်။

ယခုနှစ်နယုန်လက ကျွန်တော်ပဲတိုင်ထောင်ကို (ဝ.၅၀) ဧက စိုက်ပျိုးပါတယ်။ အရင်က အားလုံးပေါင်း (၂၆၀ဝ၀ဝ) လောက် ကုန်ပါတယ်။ ပြန်ရောင်းရငွေက (၇၈၀ဝ၀ဝ)ရပါတယ်။ ဒီပဲမျိုးက စိုက်ပြီး (၂)လခွဲ နေရင် ခူးရောင်းလို့ ရပါတယ်။ အခုလို အရင်းနည်းပြီး အမြတ်များများရတဲ့ ပဲတိုင်ထောင် စိုက်ပျိုးခြင်း ကို တောင်သူများ အနေဖြင့် တွဲဖက်စိုက်ပျိုးသင့်ပါတယ်။ အခု ကျွန်တော် တစ်ဧက စိုက်ပျိုးထား ပါတယ်။ အမြတ် (၉) သိန်းဝန်ကျင် ရမယ်လို့ မျှော်မှန်း ထားကြောင်း ပဲတိုင်ထောင်စိုက်ပျိုးသော ဦးသိန်းရွှေက ရှင်းပြသည်။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...