စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျွန်တော်ဟာ ငှက်ညံ့လေး တစ်ကောင်ပါ



 

တော်တဲ့ စကားလုံးဟာ ကျွန်တော့်အတွက် မဟုတ်ခဲ့ဘူး။ တစ်ခါတစ်ရံမှာ စိတ်ဓာတ်ကျတယ်။ တစ်ခါတစ်လေမှာလဲ ပျော်ရွှင်မိတယ်။ ညံ့ဖျင်းလို့ အရာအရာကို နောက်ကျ ခဲ့ပေမယ့်လည်း ကြိုးစားမူ ဆိုတဲ့ အရာကြောင့် ကျွန်တော့်ဘဝလေး တဖြည်းဖြည်းနဲ့ အထက်သို့ ရောက်လာခဲ့လေပြီ။

တကယ်တော့ ကျွန်တော်ဟာ ငှက်ညံ့လေး တစ်ကောင်ပါပဲ။ သူများတွေ ပျံသန်းနေချိန်မှာ ကျွန်တော်ဟာ ပျံတတ်ဖို့ အတွက် သင်နေတုန်းပဲ ရှိပါ သေးတယ်။ သို့သော် ဘဝကို အရှုံးမပေး ခဲ့ပါဘူး။ သူများတွေ အိပ်နေချိန်မှာ အလုပ်လုပ် ခဲ့တယ်။ သူများတွေ အနားယူနေချိန်မှာ လေ့လာ မှတ်သားခဲ့တယ်။ ဒီလို လုံ့လ ဝီရိယ တွေကြောင့် တဖြည်းဖြည်းနဲ့ ဘဝ အလင်းရောင် လေးကို မြင်တွေ့နေ ရပါပြီ။
 

တော်သော်ငြားလည်း ကြိုးစားမူ ဇွဲ လုံ့လတွေ မရှိဘူးဆိုရင် နောင်တစ်ချိန် ကျရှုံးသူ တစ်ယောက်သာ ဖြစ်မှာပါ။ ညံ့သော်လည်း စိတ်ဓာတ် မကျဘဲ ကြိုးစားမူ အချိန်ကြောင့် အောင်မြင်သူ တစ်ယောက်ဖြစ်လာမှာပါနော်။
 

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...