စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှုတ်ဆက်ပါ


                     
ဂျွန်က အသားတွေ ဖြန့်ချီတဲ့ လုပ်ငန်းတစ်ခု မှာ အလုပ်လုပ်ပါတယ် … တစ်နေ့တော့ သူ့အလုပ်တွေ ပြီးတဲ့အချိန်မှာ အအေးခန်းတစ်ခုထဲကို ဝင်ပြီး တော့ စစ်ဆေးနေပါတယ် … ။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲ တံခါးက lock ကျပြီးတော့ ပိတ်သွားပါတယ် … အသံကုန်အော်ဟစ်၊ တံခါးကို တဒုန်းဒုန်းထုပြီး အကူအညီတောင်း ကြည့်ပေမယ့်လည်း ဘာမှ ထူးခြားမလာပါဘူး … ဘယ်သူကမှ သူအော်ဟစ်နေတာကို မကြားနိုင်ပါဘူး ကံမကောင်းချင်တော့ အလုပ်သိမ်းသွားပြီး ဖြစ်တဲ့အတွက် ဝန်ထမ်း တော်တော်များများက ပြန်ကြပြီဖြစ်တဲ့အတွက် သူ့ကို ကူညီမယ့်သူက မရှိတော့ပါဘူး … ။
တော်တော်လေးကြာသွားတော့ ဂျွန်ဟာ တစ်ကိုယ်လုံး ပြာနှမ်းပြီး သေလုမြောပါးဖြစ်နေတဲ့ အချိန် မှာ လုံခြုံရေး ဝန်ထမ်းတစ်ယောက်က ရုတ်တရက် ရောက်လာပြီးတော့ ဂျွန်ကို ကယ်လိုက်ပါတယ် … ။ တကယ်တော့ လုံခြုံရေးဝန်ထမ်းက အအေးခန်းဖက်မှာ တာဝန်ကျတဲ့သူမဟုတ်ပါဘူး … ။

ဒီလိုနဲ့ ဂျွန်ဆေးရုံတွေ ဘာတွေရောက်ပြီး သတိရလာတဲ့အခါ သူ့ရဲ့ တာဝန်နေရာလည်း မဟုတ်ဘဲ ဘယ်လိုကြောင့် ရောက်လာပြီး သူ့ကို ကယ်နိုင်ခဲ့တာလဲ လို့ လုံခြုံရေးဝန်ထမ်းကို မေးကြည့်ပါတယ် … ။ အဲဒီအခါမှာ လုံခြုံရေး ဝန်ထမ်းက သူဟာ ဒီနေရာမှာ အလုပ်လုပ်နေတာ ၃၅-နှစ် ရှိပါပြီ … တစ်နေ့ တစ်နေ့ ဝန်းထမ်းတွေ ရာချီပြီး အလုပ်ကို လာကြတဲ့အထဲက မင်းက ငါ့ကို မနက်အလုပ်လာတိုင်း နှုတ်ဆက်သလို … ညနေ အလုပ်ပြန်တိုင်းလည်း နှုတ်ဆက်တယ်လေ … တော်တော်များများကတော့ ကျွန်တော့်ကို မမြင်သလိုပဲ နေကြတယ်လေ … ဒါကြောင့် နေ့တိုင်းနေ့တိုင်း မင်းက ငါ့ကို နှုတ်ဆက်တာကို သဘောကျတယ် … ။ ဒီနေ့ မနက်ကတော့ မင်းက ငါ့ကို နှုတ်ဆက်သွားပြီး ညနေပိုင်းကျတော့ မင်းနှုတ်ဆက် တာကို မကြားရသေးတာကို ငါသတိထား မိတယ် … ။ ဒါကြောင့် မင်းတစ်ခုခုများ ဖြစ်နေမလားလို့ စက်ရုံကိုပတ်ပြီး လိုက်ရှာတာ မင်းကို တွေ့တာပဲ လို့ ပြန်ဖြေပါတယ် … ။

ဒါလေးက ကျွန်တော် အင်တာနက်မှာ ဖတ်လိုက်ရတဲ့ အကြောင်းအရာလေးတစ်ခုပါ … စာဖတ်သူများ ဆက်ပြီး စဉ်းစားကြည့်ပါ … ။ လူ့ဘဝတိုတိုလေးမှာ အဆင့်အတန်းတွေ ခွဲခြားပြီး မသိသလိုမနေတတ်တဲ့ လူငယ်လေးတစ်ယောက် ဂိတ်ပေါက်စောင့်တဲ့ လုံခြုံရေးကို နေ့တိုင်း နှုတ်ဆက်တဲ့ အတွက် အသက်ဘေးက လွတ်မြောက်သွားပါတယ် … ။

တစ်ခါတစ်လေမှာ ကျွန်တော့်တို့တစ်တွေဟာ အဆင့်အတန်းတွေ ခွဲခြားပြီးတော့ ကိုယ့်နဲ့ မတူသလို မတန်သလို ဆက်ဆံတတ်ကြပါတယ် … တကယ်တော့ လူလောကကြီးထဲကို ရောက်လာတဲ့ လူတွေမှာ ကောင်းတာတွေ ရှိသလို မကောင်းတာတွေရှိမယ် အသုံးမဝင်တဲ့ သူတွေရှိသလို … အသုံးတည့် တဲ့ သူတွေလည်း ရှိမယ် … ။ ဘယ်လောက်ပဲ ဆိုးတဲ့သူဖြစ်စေ … ကောင်းကွက်တစ်ခုတော့ ရှိနိုင်ပါတယ် … ဘယ်လောက်ပဲ ညံတဲ့သူဖြစ်စေ … တော်တဲ့ တစ်နေရာတော့ရှိနိုင်ပါတယ် … ။ ဘယ်လောက်ပဲ အသုံးမတည့်တဲ့သူ ဖြစ်စေ … အသုံးတည့်တဲ့ တစ်နေရာတော့ ရှိနိုင်ပါတယ် … ။ အင်္ဂလိပ်မှာတော့ Every cloud has a sliver lining. လို့ဆိုပါတယ် … ။

ဒါကြောင့်မို့ လူတစ်ယောက်ကို ပြုံးပြနှုတ်ဆက်လိုက်ဖို့ ဝန်မလေးပါနဲ့ … ။


အောင်ကိုဦး(UMK)
Be the Best !

Credit to : [https://www.facebook.com/aungkouumk]


https://www.facebook.com/books4friends/photos/a.238058026339423.1073741828.23800

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...