စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗြိတိန်က အသေးဆုံး ခွေး





Tiny Belle လို့ အမည်ရတဲ့ ခွေးမ ပေါက်စလေးဟာ ယူကေမှာ အသေး ဆုံး ခွေး ဖြစ်လာမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချန်အားဖြင့် ၁၈၀ ဂရမ်သာ ရှိပြီး သကြားဘူးငယ် တစ်ဘူးထက်တောင် ပေါ့နေသေးကြောင်း ဆိုပါတယ်။

သူမဟာ မွေးကင်းစ ၈ ပတ်သားလေးသာ ရှိပါသေးတယ်။ အကယ်၍ ဒီတိုင်း ဆက်ကျွေးမွေးထားမယ်ဆိုရင် ၇၅၀ ဂရမ်အထိ အလေးချိန် ရှိလာနိုင်ကြောင်း ဆိုပါတယ်။ အရွယ်အစားကတော့ ပုံမှာ မြင်တွေ့ ရသလိုပဲ သံဗူး တစ်ဘူးနဲ့ ယှဉ်ရလောက်အောင်ပဲ ရှိပါတယ်။ Good Morning Britain ဆိုတဲ့ ရုပ်သံ အစီအစဉ်မှာ ပိုင်ရှင်နဲ့ အတူ ပါလာပြီး လက်တလော နာမည်ကြီး လာတဲ့ ခွေးလေး ဖြစ်ပါတယ်။ သူမနဲ့ အတူ မွေးဖွားလာတဲ့ အခြား သားပေါက် သုံးကောင် ကတော့ သေဆုံးသွားပါပြီ။

မိခင်ခွေးမကြီးဟာ ကူးဆက်ရောဂါ တစ်ခု ခံစားရပြီး Tiny Belle က ကံကောင်းစွာပဲ အသက်ရှင်စွာနဲ့ မွေးလာခြင်း ဖြစ်ပါတယ်။ အင်မတန် သေး ငယ်တဲ့ သူမကို ၂ နာရီတစ်ခါ အစာကျွေးမွေးရလျက် ရှိပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...