စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







KFC ကြက်ကြော်ဆိုင်များ မြန်မာနိုင်ငံတွင် ဖွင့်မည်

 

ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သောဦးသိမ်းဝေ (Mr.Serge Pun)၏  Yoma Strategic Holding ကုမ္ပဏီနှင့် အမေရိကန်အခြေစိုက် Yum! ကုမ္ပဏီတို့ ပူးပေါင်း၍ KFC ကြက်ကြော်ဆိုင်များကို ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ဘီဘီစီသတင်းတရပ်အရ သိရှိရသည်။

အမေရိကန် Yum! ကုမ္ပဏီအနေဖြင့် အကျိုးတူးပူးပေါင်းဆောင်ရွက်လိုသော လက်တွဲဖော်ကုမ္ပဏီများနှင့်ပေါင်းစပ်၍ မြန်မာနိုင်ငံ အပါအ၀င် ပြောင်းလဲဖွံ့ဖြိုးလာသော ဈေးကွက်သစ်များတွင် အမေရိကန်ဒေါ်လာ ၁၀ သန်း ခန့် ရင်းနှီးမြှုပ်နှံ သွားရန် စီစဉ်နေပြီး  ၂၀၂၀ ခုနှစ်တွင် KFC ဆိုင်ခွဲပေါင်း ၂၀၀၀၀ ကျော် အရေအတွက် အထိ ဖွင့်လှစ်နိုင်ရန် မျှော်မှန်း ထားကြောင်း၊ လတ်တလော တရုတ်နှင့် အိန္ဒိယ အပါအ၀င် အခြား ပြောင်းလဲဖွံ့ဖြိုး လျက်ရှိတဲ့ ဈေးကွက် များတွင် KFC ဆိုင်ခွဲ ပေါင်း ၁၄၀၀၀ ခန့် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် Yum! ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Micky Pant က  “မြန်မာဈေးကွက်ကို ရွေးချယ်ခြင်းက ကုမ္ပဏီ ရဲ့ ဈေးကွက်ချဲ့ထွင်ခြင်းနည်းဗျူဟာတမျိုး ဖြစ်တယ်။  KFCအနေနဲ့ သန်း၅၀ ကျော် လူဦးရေ ရှိတဲ့ မြန်မာ နိုင်ငံရဲ့ ဈေးကွက် အသစ် ကို အာရှဈေးကွက် ရဲ့ အရေးပါတဲ့ ပစ်မှတ် တခု အဖြစ် အလေးထားလျက်ရှိတယ်” ဟု ပြောဆိုသည်။

Yoma Strategic Holding ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်မူ မြန်မာနိုင်ငံ၏စာသုံးသူ ဦးရေသည် အလားလာ ကောင်း ကောင်း ဖြင့် တိုးပွားလာနိုင်ပြီး  ၂၀၃၀ ခုနှစ်မှာ စားသုံးသူ အရေအတွက် ၁၉ သန်း အထိ မြင့်တက်လာ နိုင်ဖွယ်ရှိနေ သော ကြောင့် ယခုကဲ့သို့   အလားအလာ ကောင်းသော ဈေးကွက် ဖြစ်ပေါ်နေသည့် မြန်မာ့ဈေးကွက်အတွင်းသို့ ၀င်ရောက် ရန် စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရသည်။

Yoma Strategic Holding ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Serge Pun ကမူ  “ ကြက်သားဟာ မြန်မာနိုင်ငံ ရဲ့ အဓိကစားသုံး တဲ့ အစာအဟာရ များထဲ က တစ်ခု ဖြစ်တယ်။ မြန်မာ နိုင်ငံ မှာ KFC ဆိုင်ခွဲ ဖွင့်လိုက်တာ က Yoma ရဲ့ မြန်မာနိုင်ငံရဲ့ စားသောက်ကုန် လုပ်ငန်း ကဏ္ဍ မှာ အဓိကကျတဲ့ နေရာက ပါဝင်လာနိုင်ဖို့အတွက် အများကြီး အရေးပါ ပါတယ်” ဟု ပြောဆိုသည်။

Yum! ကုမ္ပဏီသည် Pizza Hut ၊ Taco Bell အစရှိသော အမှတ်တံဆိပ်များဖြင့် စားသောက်စရာများ ရောင်းချနေပြီး KFC အမှတ်တံဆိပ် ကြက်ကြော်သည် အရောင်းသွက်ဆုံးသော ကမ္ဘာကျော် စားစရာတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ Yum! ကုမ္ပဏီသည် နှစ်စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလျံ ခန့် ရှိကြောင်း သိရှိရသည်။

အမေရိကန်ကုမ္ပဏီနှင့်ပူးပေါင်း၍ KFC ကြက်ကြော်ဆိုင် ဖွင့်လှစ်မည့် Yoma Strategic Holding ကုမ္ပဏီသည် ဦးသိမ်းဝေ ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အပါအ၀င် စီးပွားရေးလုပ်ငန်းပေါင်းမြောက်မြားစွာ လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီဖြစ်သည်။


http://burma.irrawaddy.org/business/2014/10/14/65929.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...