စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဇွဲမလျော့တန်း ဝိတ်ချတဲ့ အမေရိကန် Larry



ပုံမှာ မြင်တွေ့နေရတဲ့ လူဟာ အမေရိကန်က Larry Evans လို့ အမည်ရတဲ့ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၄ လ တုန်းက ပေါင်ချိန် ၈၀၀ ရှိပြီး တဖြည်းဖြည်း ဆော့ကစားလာတဲ့ လေးလပြည့်ချိန်မှာ ၁၅၉ ပေါင် လျော့ကျ သွားပါတယ်။

သူ့ရဲ့ ကြိုးစားမှုကို လူသိများစေခဲ့တာကတော့ သူတင်တဲ့ ဗီဒီယို တစ်ခုကြောင့်ပါ။ သူ့ရဲ့ Facebook timeline ဖြစ်တဲ့ www.facebook.com/larry.evans.77/ မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ အမေရိကန်က လူမည်း တစ်ဦး ဖြစ်ပြီး သာမန်ထက် လွန်ကဲအောင် ဝနေခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီလို ဝတဲ့ အဆင့်ကနေ သာမန်လူ အရွယ်အစား ပြန်ရဖို့ ဆိုတော့ အတော်တော့ လုပ်ယူရမှာ ဖြစ်ပါတယ်။ အများစုဟာ ပြန်မပြုလုပ် နိုင်ပဲ ပိုလို့တောင် ဝနေခဲ့ကြ ပါတယ်။ ယင်းကဲ့သို့ ကြိုးစားရ ခက်ခဲမှုကို အဝလွန်သူများ ပိုသိပါလိမ့်မယ်။ ဒါကြောင့်မို့ အဝလွန်သူ လူသား အချင်းချင်း အားကျရလောက်အောင် သူဟာ ကြိုးစား ပြနိုင်ပြီး မိနစ်ပိုင်းစာ ဗီဒီယိုဟာ ဝိတ်မနေတာကို ပြသခဲ့ပါတယ်။

သူ့အနေနဲ့ ကြိုးစားနေပြီ ဖြစ်ကြောင်း ဒါကို လောင်ပြောင်ပြောဆိုသူများအား ဂရုမစိုက်ကြောင်း ထည့်သွင်းရေးသား ထားပါတယ်။ ဒါကြောင့်မို့ Larry Evans ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံခံပြီး ဇွဲကောင်းတဲ့ ပုဂ္ဂိုလ် တစ်ယောက် အဖြစ် အသိမှတ်ပြုခံစေခဲ့ ပါတယ်။

Ref: Metro

အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/10/larry.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...