စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပဲရစ် ရောဂါလက္ခဏာ (Paris syndrome)



Paris syndrome လို့ အမည်ရတဲ့ ပဲရစ်ရောဂါ လက္ခဏာ ဆိုတာ တကယ် ရှိပါတယ်။ အာရှတိုက်မှ လူများ ဥရောပကို ရောက်တဲ့အခါ ဖျားနာသွားပြီး ယင်း ဖျားနာ တာကိုလည်း Paris Syndrome ကြောင့်ဖြစ်ကြောင်း ဆိုပါတ်။ ဥရောပ လို့ ဆိုပေမယ့် အဓိက အားဖြင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကနေ စတင်လို့ ဖြစ်ပါတယ်။ အဖြစ် အများဆုံးကတော့ ဂျပန်များ ဖြစ်ပြီး တစ်နှစ်ကို ၁၂ ယောက်နှုန်းလောက် ပြင်သစ်မှာ ဂျပန် ကမ္ဘာလှည့်ခရီးသည်များ ယင်း ရောဂါကို ခံစားရပါတယ်။

ဒါကြောင့်မို့ Paris syndrome ဖြစ်ပြီဆိုတာနဲ့ ကယ်ဆယ်၊ ကုသလို့ ရအောင် ဂျပန်သံရုံးမှာ ဆေးအဖွဲ့လည်း အဆင်သင့်လုပ်ထားရ ပါတယ်။ ပဲရစ် ရောဂါ လို့ခေါ်တဲ့ Syndrome ဖြစ်ရခြင်း အကြောင်းက Culture Shock ကြောင့် ဖြစ်ကြောင်း ပြင်သစ်မှ ဆရာဝန်များက ဆိုပါတယ်။ ဂျပန် နိုင်ငံရဲ့ မီဒီယာနဲ့ ကြော်ငြာတွေမှာ ပဲရစ်မျော်စင်ဟာ လူတိုင်းအတွက် မင်သက်စရာ ဖြစ်ပြီး ဂျပန်လူ အများစုလည်း အလည်ရောက်ချင်ကြပါတယ်။ ဒီတော့ ကိုယ်လည်း တကယ်ရောက်ချင်နေတဲ့ နေရာတစ်ခုကို ရောက်ရပြီး လုံးဝ ကွဲလွဲနေတဲ့ ပတ်ဝန်းကျင်၊ လူတို့ လှုပ်ရှားသွားလာမှုတို့ကို မြင်ပြီး ဖျားနာခြင်း ဖြစ်ပါတယ်။ အဓိကကတော့ စိတ်နဲ့ သက်ဆိုင်တဲ့ ရောဂါကို ဖြစ်ပေါ်စေခြင်း ဖြစ်ပါတယ်။
 

ပြင်သစ်မှ ဆေးပညာရှင်များ ပြောဆိုချက်အရ ယင်းကဲ့သို့ ဖျားနာသွားတဲ့ ဂျပန်များဟာ အိမ်ကို လွမ်းတဲ့ စိတ်နဲ့ ပဲရစ်ကို လွမ်းတဲ့ စိတ် နှစ်ခု အကြားကို ရောက်ရှိသွားလို့ ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းကဲ့သို့ပဲ အလားတူ ရောဂါ များ အနေနဲ့ ဂျေရုစလင် ရောဂါလက္ခဏာ (Jerusalem syndrome) နဲ့ Stendhal syndrome ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဒါပေမယ့် ယနေ့အချိန်မှာတော့ များသောအားဖြင့် နိုင်ငံခြားသား တစ်ယောက် အခြားတိုင်းပြည်ရပ်ခြား တစ်ခုကို ရောက်ပြီး ရက်ပိုင်းအတွင်း ဖျားနာတာ ဖြစ်ရင် Paris syndrome လို့သာ ခေါ်ဆိုပါတော့တယ်။
.
Ref: Wiki

အောင်ခမ်း (ရိုးရာလေး) 

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...