စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခန္ဓာကိုယ်တွင်း အဆီလောင်မြိုက်စေမည့် အစားအစာ (၁၀) မျိုး


ဗိုက်ခေါက် အဆီပျဉ်တွေချဖို့ အတွက် gym ဆော့ကြသော်လဲ၊ အထိရောက်ဆုံး နှင့် အလွယ်ကူဆုံးနည်းကတော့ အဆီဆဲလ် တွေကို ဖြိုခွင်းပေးနိုင်သော ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများကို စားသောက်ခြင်းဘဲ ဖြစ်ပါတယ်။

(၁) ကွေကာအုတ်(အကြမ်း)
ကွေကာအုတ်(အကြမ်း) တွေက အရသာမရှိသော်လဲ၊ ဆာလောင်မွတ်သိပ်မှုကိုပြေပျောက်စေတဲ့အပြင် ကျန်းမာရေးနှင့် ညီညွတ် စေတာကြောင့် နံက်စာ အာဟာရအဖြစ် မှီဝဲသင့်ပါတယ်။ ၄င်းထဲမှာ ပါရှိတဲ့ အမျှင်ဓာတ်များက ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောကို ထိရောက်စွာ ထိန်းညှိပေးပါတယ်။ ကွေကာအုတ်(အကြမ်း) များကို City Mart ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။

(၂) ကြက်ဥ
ကြက်ဥဟာ ပရိုတင်းစုဝေရာအရင်းအမြစ်ဖြစ်တဲ့အပြင်၊ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် ကျန်းမာရေးကို လွန်စွာကောင်း ကျိုးပြုပါတယ်။ ဒါ့ပြင် ကြွက်သားများကို ကျစ်လစ်စွာတည်ဆောက်စေပြီး၊ ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့ HDL ကိုလက်စထ ရောကို ပွားများစေပါတယ်။

(၃) ပန်းသီး
ပန်းသီးထဲမှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့် ကျင်ပစ္စည်းများအပြင်၊ အခြား အားဖြည့်ပစ္စည်းများလည်း ကြွယ်ဝစွာပါရှိနေပါ တယ်။ အထူးသဖြင့် ပန်းသီးထဲရှိ Pectin ဓာတ်က မလိုလားအပ်တဲ့အဆီတွေကို လျော့ချပေးပါတယ်။

(၄) ငရုပ်သီးစိမ်း
ငရုပ်သီးစိမ်းထဲမှာ ပါရှိတဲ့ Capsaicin ဓာတ်က ခန္ဓာကိုယ်တွင်းရှိ အကျိုးပြုဆဲလ်များကို ဖွံ့ ဖြိုးတိုးတက်စေနိုင်သလို၊ မလိုလား အပ်တဲ့ ကယ်လိုရီများကိုတော့ အချိန်တိုအတွင်းမှာ လောင်မြိုက်ပေးနိုင်ပါတယ်။

(၅) ကြက်သွန်ဖြူ
ကြက်သွန်ဖြူထဲမှာ ကူးစက်ရောဂါ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့ Allicin(ခေါ်)အစွမ်းထက်ပိုးသတ်ဆေး ပါရှိနေပါ တယ်။ ကြက်သွတ်ဖြူက အဆီပိုတွေကိုလျော့ကျစေတဲ့အပြင်၊ မကောင်းသော ကိုလက်စထရောများကိုပါ ဖယ်ရှားပေးနိုင်ပါ တယ်။

(၆) ပျားရည်
ပျားရည်အဟောင်း(တစ်နှစ်ကျော်ပျားရည်) က အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးဆေးစွမ်းတစ်ခွက်ဖြစ်ပါတယ်။ နံက်အိပ်ယာထတိုင်း လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာပမာဏရှိတဲ့ ပျားရည်ကို ရေနွေးဖြူဖြင့် သောက်ပေးသင့်ပါတယ်။

(၇) ရေနွေးကြမ်း
လ္ဘက်ခြောက်ရေနွေးကြမ်းက ကိုယ်အလေးချိန်ကျစေတဲ့ အကောင်းဆုံး ဖျော်ရည်တစ်မျိုးပါ။ ကျန်းမာနုပျိုစေသော ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့် ကျင်ပစ္စည်းများပါရှိတဲ့အပြင်၊ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ရေနွေးကြမ်းကို အနည်းဆုံး တစ်နေ့  ၂-ခွက် သောက်ပေးသင့်ပါတယ်။

(၈) ဂျုံမြက်
Wheat Grass(ခေါ်)ဂျုံမြက်များဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင်၊ အဆီပိုတွေကိုပါ လျော့ချပေးနိုင်ပါ တယ်။ အသင့်သောက် Wheat Grass ဖျော်ရည်ဗူးများကို City Mart ဆိုင်းတွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။

(၉) ခရမ်းချဉ်သီး
အဆီပိုတွေကို အချိန်တိုတွင်းမှာ လောင်မြိုက်စေဖို့ အတွက် ခရမ်းချဉ်သီးကို ဓာတ်စာအဖြစ် မှီဝဲအားကိုးထိုက်ပါတယ်။ ဒါ့ပြင် ခရမ်းချဉ်သီးက ကင်ဆာရောဂါတော်တော်များကို ကာကွယ်ပေးနိုင်တာကြောင့် ဟင်းချက်၍ တစ်မျိုး၊ ဖျော်ရည်လို တဖုံ သောက် သုံးသင့်ပါတယ်။ (ဂေါက်ရောဂါ ရှိသူများက ခရမ်းချဉ်သီးအစေ့ကို ဖယ်၍စားပေးပါ)

(၁၀) အနက်ရောင် ချောကလက်
ချောကလက်(အနက်ရောင်)ထဲမှာပါတဲ့ Flavonoids ဓာတ်ပေါင်းစုက သွေးထဲရှိ ကိုလက်စထရောကို လျော့ချပေးနိုင်ပါတယ်။ အနက်ရောင်ချောကလက်က ဦးနှောက် ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေကာ စိတ်ကိုကြည်လင် လန်းဆန်းသွားစေတဲ့ အပြင်၊ အဆီပိုတွေကိုပါ လောင်မြိုက်စေပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.2633969

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...