စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက် (၆၄)နှစ်အရွယ်မှ သုံးမြွှာပူးကလေးအဖေ ဖြစ်မယ့် စတီဗီဝင်းဒါး





အမေရိကန်အဆို တော်ကြီး စတီဗီဝင်းဒါး၏ အတူ နေချစ်သူသည် လက်ရှိတွင် သုံး မြွှာပူးကိုယ်ဝန်ကို လွယ်ထားရ သောကြောင့် စတီဗီဝင်းဒါးသည် အသက် (၆၄) နှစ်အရွယ်၌ သုံး မြွှာပူးကလေးအဖေ ဖြစ်ဦးမည်ဟု The New York Post သတင်းစာ က ဖော်ပြသည်။

ဂရမ်မီဆုများရှင် စတီဗီဝင်း ဒါးသည် လက်ရှိတွင် ကလေးရှစ် ဦးရှိပြီး ၎င်းကလေးများမှာ အ သက် (၁) နှစ်မှ (၃၉) နှစ်အထိ ရှိ သည်ဟု သိရသည်။

‘‘စတီဗီအနေနဲ့ အသက် (၆၄) နှစ်အရွယ်မှာရတဲ့ အမြွာက လေး သုံးဦးအပါအ၀င် ကလေး ၁၁ ဦးမွေးဖို့ စိတ်ကူးရှိတယ်လို့ တော့ မကြားမိဘူး။ အဲဒါက သူ့ မှာ ဒီကလေးတွေရှိနေလို့ မပျော် ဘူး။ ဒီကလေးတွေကို မကျွေး မွေးနိုင်ဘူးလို့ ဆိုလိုတာ မဟုတ် ပါဘူး’’ ဟု စတီဗီဝင်းဒါး မိသားစု သတင်းရင်းမြစ်တစ်ခုက The New York Post သတင်းသို့ ပြော ကြားသည်။

ယခင်က အလုပ်မအားလပ် ၍ သားသမီးများအား အချိန်အ ပြည့်အ၀ မပေးနိုင်သော စတီဗီ ၀င်းဒါးသည် အသက်အရွယ်ရ လာချိန်တွင် ၎င်း၏ ကလေးများ အား အချိန်ပေးရန် ကြိုးပမ်းခဲ့ သည်ဟုလည်း သတင်းရင်းမြစ် တစ်ခုက ပြောကြားသည်။

စတီဗီဝင်းဒါး၏ အသက် (၄၀)နှစ်အရွယ် အတူနေချစ်သူ သည် ၎င်း၏ အငယ်ဆုံးကလေး ကို မွေးဖွားပေးထားသူလည်း ဖြစ် သည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...