စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးရလို့ အသက်မွေးဝမ်းကျောင်းကို လက်လွှတ်စရာမလို

 

ကလေးရလို့ အသက်မွေးဝမ်းကျောင်းကို လက်လွှတ်စရာမလိုဘူးဆိုတာ အားလုံးကို သိစေချင်တဲ့ Queenland အမျိုးသမီးတစ်ဦး တက္ကသိုလ်ဘွဲနှင်းသဘင်ခန်းမမှာ သားငယ်လေးကို နို့တိုက်ကျွေးခဲ့

သူမရဲ့တက္ကသိုလ်ဘွဲနှင်းသဘင်တွင် သားငယ်လေးအား နို့တိုက်ကျွေးနေတဲ့ Queenland မှ အမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံ လူမှုမီဒီယာပေါ် ပျံ့နှံ့ရောက်ရှိလာခဲ့ပါတယ်

မိခင် Jacci Sharkey က ၆ ပတ်အရွယ်ရှိသားလေး Alek ကို အောက်တိုဘာလအဆန်းပိုင်းတွင်ပုလုပ်သည့် University of the Sunshine Coast ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ နို့တိုက်မိတာကြောင့် ယောင်းမဖြစ်သူဆီမှ မခံရပ်နိုင်စရာ စကားဆိုခံရပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ သူမက USC ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ် ၎င်းဓာတ်ပုံနဲ့ ကျေးဇူးတင်စကားဆိုဖို့ တင်ခဲ့တာဖြစ်တယ်။

၂၄ နှာရီအတွင်း likes ပေါင်း ၁၀၀,၀၀၀ ကျော်နဲ့ comments ၃၄၀၀ နဲ့ share ၂၇၀၀ ရရှိခဲ့ပါတယ်။

လူမှုမီဒီယာရဲ့တုံ့ပြန်မှုက သူမကို အလွန်အံ့အားသင့်သွားစေခဲ့တယ်လို့ Ms Sharkey က ပြောဆိုခဲ့တယ်။

သဘောကျမယ့်သူရှိမယ်လို့ လုံးဝမထင်ခဲ့ဘူး။ Like ၁၀၀ လောက်ရသွားရင် ကျွန်မပျော်ပါပြီလို့ တွေးခဲ့တယ်။ ခုတော့ ထိန်းမနိုင်သိမ်းမရတောင်ဖြစ်နေပြီလို့ သူမက ABC ကို ပြောပြခဲ့တယ်။

လူတွေဆီက ကျေးဇူးစကားမှာ ပင်လယ်ကြီးလောက်များခဲ့တယ်။ တချို့တွေက သူတို့ တက္ကသိုလ်စတင်ရမှာကို စိုးရိမ်ကြောင်းပြောဆိုနေကြပေမဲ့ ကျွန်မ သူတို့ကို ဒီဖြစ်ပျက်မှတဆင့် ကူညီခဲ့တယ်။

ဒီဓာတ်ပုံကို တက္ကသိုလ်ကျောင်းတော်ကြီးအား ကျေးဇူးတင်ခြင်းနဲ့ တခြားသောမိခင်များနဲ့ မိခင်ဖြစ်မယ့်သူများအား message တစ်ခုပြောဆိုဖို့ ရည်ရွယ်ထားတာပါလို့ လူသားအရင်းမြစ်စီမံခန့်ခွဲမှုပညာရပ်ကို သင်ကြားခဲ့တဲ့ Ms Sharkey ကပြောဆိုခဲ့ပါတယ်။

နို့တိုက်နေတဲ့အကြောင်းကို ထုတ်ဖော်နေတာမဟုတ်ပါဘူး။ ကျွန်မမိခင်တစ်ဦးဖြစ်ကြောင်းအဖြစ်မှန်ကိုသာ ပြတာပါ။ နို့တိုက်နေတဲ့မိခင်တစ်ဦးဆိုတာလည်းမဟုတ်ဘူး။ ကျွန်မမိခင်တစ်ဦးဆိုတာသာပြတာပါ။

ဒါကျေးဇူးတင်ကြောင်းဖော်ပြတဲ့သတင်းစကားလေးဖြစ်ပြီး တခြားမိခင်တွေလည်း ဒီလို လုပ်ဆောင်နိုင်ပါတယ်။

ကလေးရလို့ ကိုယ့်အသက်မွေးဝမ်းကျောင်းပညာကို လက်မလွတ်ရပါဘူး။ အသက်မွေးဝမ်းကျောင်း ပညာသင်ယူဖို့ ကလေးတွေကိုလည်း မထားခဲ့ရဘူး။ အားလုံးကိုအရယူလို့ရနိုင်ပါတယ်လို့လည်းသူမက ဆိုပါတယ်။

Ms Sharkey ရဲ့ ၁နှစ်နဲ့ ၈ လ သား Ari နဲ့ Alek နှစ်ယောက်လုံးမှာ သူမရဲ့ တက္ကသိုလ်တတိနှစ်ဝက်လောက်မှာ မွေးကြတာဖြစ်တယ်။

မိခင်တစ်ဦးဖြစ်သွားလို့ တချိန်လုံး အိမ်တွင်းမှာသာ နေနေရမယ်ဆိုတာလည်းမဟုတ်သေးဘူးလို့ Ma Sharkey က ဆိုတယ်။

USC ကျောင်းက သူမတွက်အထောက်အပံ့ဖြစ်ခဲ့တယ်။ ကျောင်းတက်နေစဉ်ကာလတုန်းကလည်း သူမသားလေးကို ကျောင်းစာသင်ခန်းသို့ ခေါ်သွားခွင့်ပြုခဲ့ကြပါတယ်။
 

နောက် tutor တစ်ဦးဆိုရင် ကိုယ်ဝန်လွယ်နေစဉ် ကျွန်မအပေါ်အရမ်းသဘောကောင်းခဲ့ပြီး အထောက်အပံ့အတော်ဖြစ်ခဲ့ပါတယ်။ ကလေးရလို့ ပညာမသင်ကြားနိုင်ဘူးဆိုတာမဟုတ်ကြောင်း သူတို့ပြောဆိုကြတယ်လို့ သူမကပြောဆိုခဲ့ပါတယ်။
Trend Myanmar


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...