စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရုရှားဟက်ကာများက သင့်ရဲ့ ကွန်ပြူတာ ကင်မရာကနေ သင့်ပုံနဲ့ ဗီဒီယိုများယူနိုင်



ရုရှားနိုင်ငံမှ ဟက်ကာ တစ်စုဟာ ကမ္ဘာတစ်ဝန်းက ကွန်ပြူတာနဲ့ အသုံးပြုသူများရဲ့ ကွန်ပြူတာကင်မရာ (webcam) ကနေ ဓာတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးရယူနိုင်ကြောင်း သိရပါတယ်။ ရယူနိုင်တယ်ဆိုတာ security အားဖြည့် နည်းပြီး ကွန်ပြူတာ ဗဟုသုတ နည်းသူများထံမှသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်း နည်းပညာသာ နေရာအနှံ့ ရောက်သွားရင် အားလုံးအတွက် စိတ်ပူရပါတယ်။

ယင်း အဖွဲ့ဟာ ဥရောပက ၎င်းတို့ ရရှိထားတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံများကို တင်ခဲ့ပါတယ်။ အမှတ်မထင် ရိုက်ကူးခံရတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ အဝတ်မပါသူတွေ ပါဝင်ပြီး သူတို့ရဲ့ အရှက်သိက္ခာကို ထိခိုက်စေခဲ့ ပါတယ်။ ဒီအတွက် Hack ပုံကတော့ script တို့ ပို့ဆောင်ခြင်း ဖြစ်ပြီး ယင်းကို မှားယွင်းပြီး click နှိပ် အသုံးပြုမိသူတို့ဟာ သူတို့ရဲ့ ကင်မရာဟာ ဟက်ကာတို့ရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အင်တာနက် အသုံးပြုသူများ အနေနဲ့ မိမိဟာ ဘယ်အကြောင်းအရာကိုပဲ ဖြစ်ဖြစ် click ထောက်မယ် အသုံးပြုမယ် ဆိုရင် သတိထားဖို့ လိုအပ် ပါတယ်။

Virus ဟာ နည်းလမ်း မျိုးစုံနဲ့ ဝင်လာတတ်ပြီး အသုံးပြုတဲ့ အခါ မိမိရဲ့ ကွန်ပြူတာ မှာ security အတွက် software များ အသုံးပြုထားရန် လိုအပ် ပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/11/blog-post_29.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...