စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတို့ အချစ်ဆုံး သတ္တဝါထဲက ပန်ဒါ



ပန်ဒါ ဟာ လူသားတွေ အချစ်ဆုံး သတ္တဝါ ထဲမှာ တစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ ရှားပါး တိရစ္ဆာန် ဖြစ်ပြီး ယနေ့မှာ ကမ္ဘာပေါ်မှာ စုစုပေါင်း အရေအတွက် အားဖြင့် ၂၀၀၀ ဝန်းကျင်ပဲ ရှိပါတော့တယ်။ တရုတ်ပြည်မှာ လက်ရှိ ၎င်းတို့ ထိန်းသိမ်းထားနိုင်တာ ၂၃၇ ကောင် ဝန်းကျင်သာ ရှိပြီး ကျန်တဲ့ ပန်ဒါတွေထဲက တောထဲမှာ ဖြစ်ပါတယ်။

ပန်ဒါ ဝက်ဝံများဟာ ဝက်ဝံ မျိုးစိတ်မှ ခွဲထွက်တဲ့ အကောင်များ ဖြစ်ပီး လူသားတင်မက အခြား ဘယ် တိရစ္ဆာန်များကိုမှ ရန်မမူတတ်ပါဘူး။ ဒါပေမယ့် ပျားရည်တော့ ကြိုက်ပါတယ်။ သူတို့ရဲ့ နေ့စဉ် စားသုံးတဲ့ ၉၉ ရာခိုင်နှုန်းသော အစားအစာကတေ့ ဝါးများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝါးရုံပင်တွေ ထူထပ်တဲ့တဲ့ နေရာတွေမှာ အနေအများပါတယ်။ 


အရွယ်အစား အားဖြင့် အထီးဆိုရင် အရှည် ၄ ပေမှ ၆ ပေ အထ ရှိပြီး အမြင့် ၃ ပေ အထိ ရှိနိုင်ပါတယ်။ အလေးချိန် အားဖြင့် ပေါင် ၃၅၀ ကျော်နိုင်ပါတယ်။ အမ ကတော့ အထီးက ၂၀ ရာခိုင်နှုန်းလောက် သေးပါတယ်။ ပေါင်ချိန်အများဆုံးကလည်း ၂၇၆ ဝန်းကျင် ရှိပါတယ်။ အများစုက တရုတ်ပြည် အလယ်ပိုင်းမှာပဲ ရင်သန်ပေါက်ဖွားတာပါ။ အခြား နိုင်ငံတွေမှာ မပေါက်ဖွားပါဘူး။ ပေါက်ဖွားပေမယ့် ပန်ဒါ မျိုးမတူလို့ ဖြစ်ပါတယ်။ မျက်လုံးသား တစ်ဝိုက်၊ လက်မောင်းနဲ့ အခြား အပိုင်းတို့ မည်းနေပြီး အမည်းအဖြူ ရောထားတဲ့ အသွင်အပြင်ကလည်း သူ့ရ့ သဘာဝ ချစ်စရာ အမှတ်လက္ခဏာ ဖြစ်ပါတယ်။

ပန်ဒါများဟာ သင်ကြားပြသပေးလို့ရတဲ့ ဥာဏ်ရည်မြင့် တိရစ္ဆာန်များထဲမာလည်း ပါဝင် ပါတယ်။ မြေငလျင်တို့ ဘာတို့ကိုလည်း ကြောက်တတ်ပြီး ကြောက်လာရင် တစ်ကောင်နဲ့ တစ်ကောင် ဖက်ထားလေ့ ရှိပါတယ်။ အကယ်၍ လူရှိရင် လူကို ဖက်ပါတယ်။ သူတို့ဟာ လူသားရဲ့ နွေးထွေးမှုကိုလည်း လိုလားတဲ့ တိရစ္ဆာန် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေး အမှတ်အသား အချို့တွေမှာလည်း သူတို့ကို အသုံးပြုပါတယ်။ တရုတ်ပြည်မှာလည်း ပန်ဒါကို အထိမ်းအမှတ်တဲ့ ယဉ်ကျေးမှု ဓလေ့တို့မှာ ထည့်သွင်း အသုံးပြုလေ့ ရှိကြောင်း သိရ ပါတယ်။
.
Ref: http://en.wikipedia.org/wiki/Giant_panda

အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...