စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သတို့သားကို အံ့သြပျော်ရွှင်စေဖို့ စနောက်ခဲ့တဲ့ သတို့သမီးတစ်ဦး သူမလုပ်ရပ်ကြောင့် မင်္ဂလာပွဲမှာတင် သတို့သားရဲ့ စွန့်ပစ်ခြင်းခံခဲ့ရ



 

လူတော်တော်များများအတွက်တော့ မင်္ဂလာပွဲဆိုတာ စနောက်စရာ၊ ဟာသလုပ်စရာ အချိန်မဟုတ်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ တရုတ်ပြည်က သတို့သမီးတစ်ဦးကတော့ သူမရဲ့ မင်္ဂလာပွဲနေ့မှာတင် သင်ခန်းစာ အကြီးကြီးတစ်ခုကို သင်ယူလိုက်ရပါပြီ။ သူမရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ သူမရဲ့မင်္ဂလာပွဲမှာ အထူးအဆန်းဖြစ်အောင်၊ အံ့သြစရာဖြစ်သွားအောင် ချစ်သူကို အသိမပေးပဲ ရှိရင်းစွဲထက် အိုမင်းရင့်ရော်လှတဲ့ အဘွားအရွယ် မိတ်ကပ်လိမ်းခြယ်မှုကို ပြုလုပ်ခဲ့တာပါ။ 

သတို့သားလောင်းကက မျက်နှာရှေ့က ပုဝါကို ဆွဲလှန်လိုက်တဲ့အခါ အံ့သြမှင်သက်သွားပြီး ပျော်ရွှင်သွားမယ်လို့လည်း ထင်မှတ်ခဲ့တာပါ။ ထင်တာတွေ တလွဲဖြစ်သွားခဲ့ရတာကတော့ ခုလို ပုဝါကို ဆွဲလှန်လိုက်တဲ့ သူမရဲ့သတို့သားလောင်းဟာ ခုလို အဘွားအိုရုပ်နဲ့ မိတ်ကပ်လိမ်းခြယ်ထားတဲ့ သူမကို မြင်လည်းမြင်ရော ကြောက်လန့်သွားပြီး အော်ဟစ်တော့တာပါပဲ။

"ကျွန်မမျှော်လင့်ထားတာက ကျွန်မကို သူမြင်လည်းမြင်ရော သူတဟားဟားရယ်မောပြီး ပျော်ရွှင်သွားမယ်လို့ပေါ့။ ဒါပေမယ့် ကျွန်မနဲ့ ဓာတ်ပုံလေးတောင် မရိုက်တော့ဘဲ ကျွန်မကို အော်ဟစ်ဆူပူပြီး အဲ့ဒီနေရာမှာတင် ထားခဲ့တယ်"လို့ သူမက မီဒီယာတွေကို ပြောပြပါတယ်။

ကဲ မင်္ဂလာပွဲဆိုတာ လူတော်တော်များများ အယူသည်းကြတာမို့ စသင့်တာကို စ၊ နောက်သင့်တာကိုသာ နောက်ပြောင်သင့်တယ်ဆိုတာ သင်ခန်းစာတစ်ခုပါပဲ။
Trend Myanmar


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...