စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အခွင့်အလမ်းဆိုတာ





စာဖတ်သူတို့ဆီကို ပြဿနာ တစ်ခု ရောက်လာတဲ့ အခါ ယင်းပြဿနာက "ငါက ငါ့ပြဿနာကွ" လို့ အသံပေး လာဖူးပါလား။ သို့တည်းမဟုတ် "ကျနော်ဟာ ပြဿနာပါ ဒုက္ခပါ အခက်အခဲပါ" လို့ စာအိတ်ကြီးပေါ်မှာ အမည်နဲ့ ရေးပြီး ရောက်လားဖူး ပါသလား....

အမှန်တော့ ပြဿနာ၊ အခက်အခက်၊ ဒုက္ခဆိုတာ ယူတဲ့သူအပေါ်မှာပဲ မူတည် ပါတယ်။ လူတွေရဲ့ နဖူးမှာ သူလူကောင်း၊ ငါလူဆိုးလို့ ဘယ်သူမှ မရေးထားသလို ဘဝမှာ ကြုံတွေ့ရမယ့် အရာတွေကလည်း ဒါဟာ ပျော်စရာ၊ ဒါဟာ ဝမ်းနည်းစရာလို့ ရေးမထားပါဘူး။ ခံယူတဲ့သူအပေါ်မှာသာ မူတည်ပါတယ်။

ဆိုကြပါစို့.. လုပ်ငန်းကိစ္စ တစ်ခု တာဝန်ကျလို့ လုပ်ရတော့မယ်။ ယူရတော့မယ် ဆိုရင် ခက်ခဲနေတယ်ဆိုရင် "ဒါင့ါကို သတ်နေတာ" "ဒါငါ့ကို တမင် ဒေါက်ဖြုတ်တာ" "ဒါ င့ါကို တမင် ဖြုတ်ချင်လို့ လုပ်တာ" လို့ တွေးရင်တွေးကြ ပါလိမ့်မယ်။ သို့တည်းမဟုတ် "ဒါ င့ါအရည်အချင်းကို စမ်းသပ်တာ။ ဒါကို ငါလုပ်နိုင်ကြောင်းကို သူတို့ သိချင်နေတာ၊ ဒါငါ့ကို ဒီထက် မက ပိုပိုပြီး တတ်သွားဖို့ အလုပ်ပိုပေးလိုက်တာ" ဆိုပြီးတော့ တွေးရင်ကော မရဘူးလား....

လူတိုင်းဟာ ပြောဆိုဆက်ဆံရေးမှာ အမှားပါတတ်ပါတယ်။ ဒါကို "ဒါငါ့ကို တမင်ကြောတာလို့ တွေးလိုက်တာထက် ဒါပတ်ဝန်းကျင်ချင်းမတူလို့ ဒီလို ပြောတာ" လို့ တွေးရင်ကော မရဘူးလား.. သို့တည်းမဟုတ် တစ်ဖက်က သိသိသသာကို မှားယွင်းနေရင်တောင် "ဒါငါ့ရဲ့ သည်းခံနိုင်မှု၊ ငါ့ရဲ့ရင့်ကျက်မှု အတွက် သွေးတိုးစမ်းတာပဲလို့ တွေးရင်လည်း ရနိုင်ပါတယ်။

ဘယ်အရာမှာ နဖူးမှာ စာကပ်ပြီး၊ အသံပြုပြး မိမိစီ မလာပါဘူး။ ခံယူတဲ့ သူကတော့ အခက်အခဲဒုက္ခလို့ ခံယူရင် အခက်အခဲ ဒုက္ခဖြစ်ပြီး ဘဝအတွက် အဖိုးတန်တဲ့ အရာများကို တွေးရင် တကယ်ပဲ အဖိုးတန်ပါလမ့်မယ်။ ဒါဟာ မိမိကို တစ်ဆင့် ထပ်တိုးတက်နိုင်စေမယ့် အခွင့်အလမ်းပဲ ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...