စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ်ခွင်မှာ ပျော်ရွှင်အဆင်ပြေစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်း (၄) သွယ်





ရုံးလာပြီဆို လမ်းမှာကတည်းက ကားပေါ်မှာ၊ ရထားပေါ်မှာ စိတ်မပါ လက်မပါနဲ့ အိပ်ငိုက်ရင်ငိုက်၊ မငိုက်ရင်လည်း တစ်နေ့လုံးအလုပ်တွေနဲ့ နပန်းလုံးရမယ့် ကိစ္စတွေနဲ့ စိတ်ပျက်နေမယ့်အစား အလုပ်ခွင်မှာ ဘယ်လိုပျော်ရွှင်အောင်နေမယ်၊ အလုပ်တွေကို ဘယ်လိုပြီးမြောက်အောင် လုပ်မယ်ဆိုတဲ့ အတွေးက သင့်အတွက် ပိုသင့်တော်ပါတယ်။ အလုပ်ခွင်ရောက်တာနဲ့ သင့်စိတ်ကို ပျော်ရွှင်လန်းဆန်းစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းလေးသွယ်ကို ပြောပြပေးချင်ပါတယ်။

၁။စာအုပ်ဖတ်ပါ။

ရုံးသွား၊ ရုံးပြန်ဖြစ်နိုင်ရင် စာအုပ်ဖတ်ပါ။ ကိုယ့်အိပ်မက်၊ မျှော်လင့်ချက်တွေကို ပိုအရောင်တင်ပေးနိုင်မယ့် စာအုပ်မျိုး၊ ဗဟုသုတ တိုးပွားစေမယ့် စာအုပ်မျိုး ဖတ်ပါ။ လက်မှာကိုင်ဖတ်နေရမှာ မကြိုက်ရင်တောင် ခုနောက်ပိုင်း audiobook လေးတွေ ရှိလာပြီဆိုတော့ အသံနားထောင်ရုံပေါ့။ တစ်ရက်ကို ဘယ်နှစ်မျက်နှာ ဖတ်မယ်ဆိုပြီး သတ်မှတ်ပြီး ဖတ်ရင်ဖတ်၊ မဟုတ်ရင်လည်း ရုံးလာတဲ့အချိန် အားတဲ့အချိန် ခဏလေးဖြစ်ဖြစ် ဖတ်ပေးခြင်းအားဖြင့် အလုပ်မှာ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၂။ကိုယ်လုပ်ရမယ့်အလုပ်တွေကို သေချာစီစဉ်သွားပါ။

ရုံးရောက်မှ ကိုယ်လုပ်ရမယ့်အလုပ်တွေကို ၀ရုန်းသုန်းကား လုပ်တာထက်စာရင် ဘာတွေလုပ်ရမယ်ဆိုတာကို အချိန်ရသလောက် ကြိုစီစဉ်သွားပါ။ လမ်းမှာ ဘာတွေလုပ်မယ်ဆိုပြီး ချရေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ ၀ီရိယဆိုတာ ပိုတယ်မရှိပါဘူး။ ကိုယ့်ဘက်က ကြိုးစားနေမယ်ဆိုရင် အကျိုးဆက်က ပြန်ကိုခံစားရမှာပါ။

၃။ခန္ဓာကိုယ်ကို လှုံ့ဆော်လိုက်ပါ။

သင့်ကိုလန်းဆန်းသွားစေမယ့်၊ နိုးကြားသွားစေမယ့်အရာတွေက ဘာတွေများလဲ။ အလုပ်ခွင်ရောက်တဲ့အထိ ထိုင်းမှိုင်းနေတာမျိုး မဖြစ်ရအောင် သင့်နေ့တစ်နေ့ကို အစပျိုးနိုင်မယ့် သီချင်းနားထောင်တာဖြစ်ဖြစ်၊ ကော်ဖီသောက်တာမျိုးဖြစ်ဖြစ် တစ်ခုခုနဲ့ သင့်ခန္ဓာကိုယ်တက်ကြွလာအောင် လှုံ့ဆော်ပေးလိုက်ပါ။ ကားဂိတ်ကနေ အလုပ်ကို လမ်းလျှောက်ရတယ်ဆို၇င် အချိန်ပိုမပိုကြည့်ပြီး အချိန်နည်းနည်းရတယ်ဆိုရင် သန့်ရှင်းတဲ့လေကို ရှုရှိုက်နိုင်ဖို့ အချိန်ပေးလိုက်ပါ။ အပြောင်းအလဲတစ်ခုခုလုပ်ဖို့ ၀န်မလေးပါနဲ့။

၎။ဦးနှောက်ကို လှုံ့ဆော်ပေးပါ။

သင့်အလုပ်မှာ ဖန်တီးနိုင်စွမ်းရှိအောင်၊ စဉ်းစားဥာဏ်ပိုမိုမြင့်မားအောင် ဂိမ်းတွေ၊ ပဟေဠိလေးတွေ ဆော့ပေးတာ ကောင်းပါတယ်။ သင့်အလုပ်က စာရင်းကိုင်လိုမျိုးဆိုရင်တော့ နံပါတ်ပါတဲ့ဂိမ်းလေးတွေ ဆော့ပေးနိုင်တယ်လေ။ ဒီလိုမျိုး ဦးနှောက်အတွက် လှုံ့ဆော်ပေးခြင်းကလည်း အလုပ်အတွက် အထောက်အကူဖြစ်စေပါတယ်။
Trend Myanmar
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...