စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဓာတ်လိုက်ရာမှ ရုပ်ဆင်း ပျက်သွားသဖြင့် ရင်ဘတ်တွင် မျက်နှာသစ်ကို ဖန်တီးမွေးမြူ




တရုတ်နိုင်ငံက ဆရာဝန် များသည် ဓာတ်လိုက် ရာမှ ထိခိုက် အနာတရများ ဖြစ်ပြီး ရုပ်ပျက် ဆင်းပျက် ဖြစ်သွားသူ တစ်ဦးကို ရင်ဘတ်တွင် မျက်နှာသစ် တစ်ခု မွေးမြူပေးလျက် ရှိနေသည်။

ယန်ကျင်ပင်း ဆိုသူ အမျိုးသား၏ ရင်ဘတ်တွင် ဆရာဝန် များက ဘတ်စကတ်ဘော ကစားသည့် ဘောလုံး အရွယ် ဦးခေါင်းပုံးစံ အသား လုံးကြီး ဖြစ်အောင် စတင် ဖန်တီး ပြီးပြီ ဖြစ်ပြီး ယင်းကို ပျက်စီး သွားသော မျက်နှာနှင့် ဆက်စပ် ထားမည့် မျက်နှာသစ် တစ်ခုကို ခွဲစိတ် ဖန်တီးမည် ဖြစ်သည်။

ဟီဘေး ပြည်နယ်တွင် နေထိုင် အလုပ်လုပ်ကိုင်သူ လျှပ်စစ် ကျွမ်းကျင် ပညာရှင် ကျင်ပင်းသည် ဗို့ အားမြင့် ထရန်ဖော်မာ တစ်လုံးကို ပြင်ဆင်ရန် ဖွင့်လိုက် စဉ် ရှော့ဖြစ်ကာ ဓာတ်လိုက်ပြီး ညာဖက် မျက်လုံးနှင့် နှာခေါင်းတို့ ပျက်စီး သွားခြင်း ဖြစ်သည်။

ကျင်ပင်းကို ရှန်ယန်း တပ်မတော် အထွေထွေကု ဆေးရုံကြီးတွင် မျက်နှာအသစ်ကို ရင်ဘတ်တွင် မွေးမြူ တပ်ဆင်ရန် ကုသမှု ပေးနေသည်က အချိန်ခြောက် လ ရှိနေပြီ ဖြစ်သည်။ ယင်းသို့ မျက်နှာသစ် တစ်ခု ဖန်တီး မွေးမြူ ခြင်းသည် ပထမဆုံး ဆေးပညာ ဖြစ်ရပ် တစ်ခု ဖြစ်သည်။

ကျင်ပင်းကို ကုသမှုတွင် ရင်ဘတ်တွင် ဆားငန်ဓာတ် ပါသော ရေများကို ရင်သားများ မို့ ထွက် ကြီးထွား လာစေရန် ထိုးပေးသည်။ ကျင်ပင်း၏ ရင်ဘတ်သည့် လက်ရှိတွင် ခွဲစိတ်ရန် အတွက် လုံလောက်သည့် ကြီးထွားမှု ရှိနေပြီ ဖြစ်၍ ယင်း ဖောင်းတက် ကြီးထွား နေသည့် ဘတ်စကတ်ဘော ဘောလုံးအရွယ် ရင်သား များတွင် မျက်နှာသစ် တစ်ခုကို ဖန်တီး ခွဲစိတ်မှု ပြုတော့မည် ဖြစ်သည်။

ယခု ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှုတွင် အပိုင်းအဆင့် ငါးပိုင်း ရှိမည် ဖြစ်ပြီး အချိန် နှစ်နှစ် ယူရမည် ဖြစ်ကြောင်း ဆရာဝန် များက ပြောသည်။ ပထမ အဆင့် နှစ်ရပ်တွင် ကျင်ပင်း၏ နံရိုးကြား အရိုးနု များဖြင့် နှာခေါင်းသစ် ဖန်တီးခြင်းနှင့် အရေပြားသစ်များ ခွဲစိတ် ထည့်သွင်းခြင်း တို့ ပါဝင်သည်။ နောက်တစ်ဆင့် တွင် သွေးပြန်ကြောနှင့် သွေးလွှတ်ကြော များကို ဖန်တီးခြင်း ဖြစ်သည်။

စတုတ္ထ အဆင့်မှာ မျက်နှာပြင် အစိတ်အပိုင်းများ အစားထိုး ခွဲစိတ်မှု ဖြစ်ပြီး နောက်ဆုံး ဖြစ်သော နံပါတ် ငါးအဆင့်တွင် အနုစိတ် ခွဲစိတ်မှုများ ပါဝင်မည် ဖြစ်ပြီး ခွဲစိတ်မှု အပြီးသတ်မည် ဖြစ်သည်။

Ref: Mirror
Written by Mizzima


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...