စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂန္ထဝင်အမြောက်ဆုံး ရည်းစားစာ


                            

အခုလိုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ရည်စားစာဆိုတာ ကွယ်ပျောက်လုမတတ်ဖြစ်နေပါပြီ။ အင် တာနက်အွန်လိုင်းကနေ ရည်းစားစကားပြောတာမျိုးတွေက ဒီဘက်ခေတ်မှာ ပိုမိုရေပန်းစားနေပေမယ့် ရည်းစားစာနဲ့ ကိုယ့်ရဲ့အချစ်တွေကို ဖွင့်ဟတာကလည်း မိန်းကလေးတွေအတွက် ရင်ခုန်ချင်စရာ အကောင်း ဆုံး နည်းလမ်းတစ်ခုဖြစ် နေပါတယ်။ ကိုယ့်ရင်ထဲက ခံစားချက်တွေကို စာရွက်ပေါ်က စကားလုံးတွေ အဖြစ် ပြောင်းလဲတာက ခေတ်အဆက်ဆက်မြားနတ်မောင်ဖြစ်လာခဲ့တာ အခုချိန်အထိပါပဲ။ ဒီလိုရည်းစားစာရေးရာမှာ အများစု က လက်ရေးလှတဲ့အခြားသူတွေ ကို အကူအညီတောင်းလေ့ရှိပေ မယ့် တကယ်တမ်းမှာတော့ ဒီအ ချက်က ကောင်မလေးရဲ့ အချစ်အစား အမုန်းသာရဖို့ရှိနေပါတယ်။ မိန်းကလေးတွေဆိုတာ ဘယ်လို ပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူက ကိုယ့်ဆီရည်းစားစာပေးမယ်ဆိုရင် သူတို့ကိုယ်တိုင်ရေးထားတဲ့ ရည်းစားစာကိုပဲ လိုချင်ကြတာ ယောကျာ်းလေးတွေနားလည်ထားသင့်ပါတယ်။ ကိုယ့်ဘာသာကိုယ်ရည်းစားစာရေးတော့မယ် ဆိုရင် ဘာတွေလိုအပ်မလဲဆိုတာကိုကတော့ . . .။

ကဗျာဆန်တဲ့စာရွက်နဲ့ စာရေးကိရိယာတွေကို ရွေးချယ်ပါ

—————————————————————-

ရည်းစားစာကို Email ကနေ ပေးပို့ခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ချစ်နေသူက ကိုယ်ရင်ထဲက ခံစားချက်တွေကို စာသားတွေအဖြစ်ပြောင်းလဲထားတဲ့အဲဒီရည်းစာ စာကို ထိတွေ့ကိုင်တွယ်လိုပြီး တကယ်လို့ ကိုယ်ကကံအရမ်းကောင်းနေမယ်ဆိုရင်တော့ သူ့ရဲ့ခေါင်းအုံးအောက်မှာ ကိုယ့်ရည်းစားစာလေးကို တယုတယသိမ်းဆည်းထားပါလိမ့်မယ်။ ဒီလိုရည်းစားစာရေးတော့မယ်ဆိုရင် အကောင်းဆုံးက တော့ စာရွက်ပြောင်ပဲဖြစ်ပါလိမ့် မယ်။ ဒီလိုဘာမှမရေးထားတဲ့ စာရွက်ကအဖြူရောင်လို မျိုးတည်ငြိမ်တဲ့ပုံစံ၊ ရမ္မက်သွေးကြွစေတဲ့ အရောင်မျိုးတွေ ရွေးချယ်တာက ပိုမိုသင့်တော်ပါတယ်။ ဒီလိုရည်းစား စာရေးသားရာမှာ အရည်အသွေးမြင့်ပစ္စည်းတွေအသုံးပြုခြင်းအားဖြင့် ကိုယ့်ဘက်ကဒီရည်းစားစာအပေါ် ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ သူနားလည်လာမှာဖြစ်ပါတယ်။ စာရေးသားရာမှာလည်း ကျောင်းဆရာမ တွေရဲ့မှင်အရောင်ဖြစ်တဲ့ အပြာရောင်၊ အစိမ်းရောင်နဲ့ အနီရောင်တွေကို မရွေးချယ်မိဖို့အရေးကြီးပြီး အနက် ရောင်ဖြစ်ဖြစ်၊ အညိုရောင်ဖြစ်ဖြစ်ရွေးချယ်သင့်ပါတယ်။

ခံစားချက်ထည့်သွင်းခြင်း

—————————-

ရည်းစားစာရေးတော့မယ်ဆိုရင် အရေးကြီးဆုံးအချက်တစ်ခုက လူသူထူထပ်တဲ့နေရာမှာ ရေးသား ခြင်းမျိုးကို ရှောင်ရှားရပါမယ်။ အခန်းထဲမှာ တစ်ယောက်တည်းရေးသားတာက အသင့်တော်ဆုံးဖြစ်ပြီး သူနဲ့ပတ်သက်တဲ့ ဓာတ်ပုံအယ်လ်ဘမ်ရှိရင်တော့ အဲဒါကို ဖွင့်ပြီး အမှတ်တရတွေကို စကားလုံးတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ပထမဆုံးရေးသားတော့မယ်ဆိုရင် သူ့ရဲ့နာမည်ကို ချစ်စနိုးနဲ့အဖျားဆွတ်ခေါ်တာမျိုး၊ သူ့နာမည်မဟုတ်ရင်တောင် အချစ်ဆုံးလိုနုရွတဲ့စကားလုံးမျိုးတွေနဲ့ စာအဆုံးအထိ သူဖတ်ချင်လာအောင် ဆွဲဆောင်ရပါမယ်။

သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကို ပြန်စဉ်းစားပါ

——————————————————–

စာရေးတော့မယ်ဆိုရင် သူနဲ့ပတ်သက်တဲ့အချက်တွေကို ပြန်လည်စဉ်းစားရမှာဖြစ်ပါတယ်။ သူနဲ့ ပတ်သက်တဲ့ အသေးငယ်ဆုံးသော အချက်ပဲဖြစ်ဖြစ် အဲဒါတွေက ရည်းစားစာရေးရာမှာ အရေးကြီးဆုံး အချက်ဖြစ်ပြီး ဒါတွေက ကိုယ့်ဘက်ကိုသူ့စိတ်ယိုင်နဲ့လာအောင် ဆွဲဆောင်ရာမှာအရေးပါလှပါတယ်။ သူ နဲ့ပတ်သက်လို့ အဲဒီအချိန်တုန်းက ကိုယ့်ရဲ့ခံစားမှုတွေကို ရည်းစားစာရေးရာမှာ စာသားတွေအဖြစ် ပြောင်းလဲရပါမယ်။

စာလုံးပေါင်းသတ်ပုံ မှန်အောင် ကြိုးစားပါ

———————————————–

ဒီအချက်ကလည်း ကိုယ့်ရဲ့အနေအထားကို သူအထင်မသေးသွားအောင် စွမ်းဆောင်နိုင်ပါတယ်။ စာလုံး ပေါင်းသတ်ပုံမှားနေရင် ကိုယ့်အပေါ်သူ့ရဲ့ခံယူချက်ကလည်း ကျဆင်းသွားနိုင်ပါတယ်။ နောက်ပြီး ရည်းစားစာ ရေးရာမှာ ဖတ်ရခက်တဲ့ ပါဌ်ဆင့်တွေရေးတာမျိုး ရှောင်ရှားသင့်ပါတယ်။

သူနဲ့ဘဝသစ်တစ်ခုထူထောင်မယ့် အနာဂတ်ရည်မှန်းချက်ကို ရေးသားပါ

———————————————————————————–

သူ့ကို ကိုယ်က တစ်ဘဝလုံး စာအတွက် ရည်မှန်းထားတယ်ဆို တာ သူသိအောင် ရေးရပါမယ်။ သူနဲ့အတူ ရှေ့ဆက်လက်တွဲရမယ့် အနာဂတ်မှာ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို သူသိအောင် ရေးသားရမှာဖြစ်ပြီး သူနဲ့ပတ်သက်လို့ကိုယ့်ဘက်က ဘဝလက်တွဲဖော်အဖြစ် စီမံကိန်းဘယ်လိုချမှတ်ထား သလဲဆို တာကိုလည်း သူနားလည်လက်ခံလာအောင် ရေးသားရပါမယ်။ ဘယ်လိုပြင်ဆင်မလဲ။ ရည်းစားစာရေးပြီးသွားပြီ ဆိုရင်တော့ အဲဒီစာရွက်ကို ကိုယ်အမြဲသုံးနေကျရေမွှေးဆွတ်ရမှာဖြစ်ပါတယ်။ စာ အိတ်ရွေးချယ် ရာမှာလည်း ကဗျာဆန်ဖို့လိုအပ်ပြီး စက္ကူလိပ်ပုံစံမျိုးကို လှပတဲ့ စက္ကူကြိုးမျိုးးတွေနဲ့ ချည်နှောင်ရပါမယ်။ စာအိတ်နဲ့စာပေးတာကမထူးဆန်းတော့လို့ စက္ကူလိပ်လိုပုံစံမျိုးနဲ့သူ့စိတ်ကို ဖမ်းစားရပါ မယ်။ ရည်းစားစာရေးရာမှာ တစ်ကြိမ်တည်းနဲ့မပြည့်စုံနိုင်တာကြောင့် ကိုယ့်စိတ်ကြိုက်ဖြစ်လာတဲ့အထိ စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ 
 
စာရေးသူ – နှင်းကေသရာ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...