စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောက်တုံးဆင့်ခြင်း အနုပညာ



ကျောက်တုံးလေးတွေ တစ်တုံးပေါ် တစ်တုံးဆင့်တဲ့ အနုပညာကို Gravity Glue လို့ အမည်ပေးထားပြီး အမေရိကန်နိုင်ငံက Michael Grab အမည်ရ ပုဂ္ဂိုလ်က တီထွင် ဖန်တီးခဲ့ ပါတယ်။ ကမ္ဘာမြေရဲ့ စွဲအားဟာ ကပ်လို့ အကောင်းဆုံး ကော် ဖြစ်တယ်ဆိုတဲ့ သဘောတရားကို ယူလို့ Gravity Glue လို့ ခေါ်ခြင်း ဖြစ်ပါတယ်။

Michael Grab ဟာ ၂၀၀၈ ခုနှစ်က စလို့ အမေရိကန် နိုင်ငံ တစ်ဝန်းကို သွားရောက်လို့ ကျောက်တုံးတွေ တစ်ခုနဲ့ တစ်ခု ဆင့်ရင်း ယင်းသို့ ပြုလုပ်ရတာကို ပျော်မွေ့လာပါတယ်။ သူ့ကိုလည်း တရားမှတ်ခြင်း နည်းတစ်မျိုး ဖြစ်ကြောင်း သူက ဆိုပါတယ်။ အကြောင်းကတော့ ကျောက် တုံး လေးတွေရဲ့ point-balance ကိုရှာရပြီး ဘေးဘယ်ညာ အလေးချိန်မျှပြီး ကမ္ဘာမြေဆွဲအား ထောက်လို့ရတဲ့ နေရာအစိတ်အပိုင်းကို တွေ့မှ ဆင့်လို့ရတာ ဖြစ်ပါတယ်။ ဒီအတွက် အင်မတန် ခက်ခဲ ပါတယ်။ ဒါပေမယ့် လုပ်ကျင့် ရှိသွားတဲ့ Michael Grab အတွက်ကတော့ ခက်တဲ့ အလုပ် မဟုတ်တော့ ပါဘူး။ 

သူက ယင်ကဲ့သို့ ကျောက်တုံးတွေ ဆင့်ပြီးရင် ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်း တင်လို့ Blog ပေါ်မှာ ပြန်ရေး ပါတယ်။ စိတ်အပန်းဖြေခြင်း ကစားနည်း တစ်ခု အဖြစ် ကမ္ဘာ တစ်ဝန်းက အသိအမှတ်ပြုလာပြီး Gravity Glue ကို လိုက် ပြုလုပ်လာကြ ပါတယ်။ http://www.gravityglue.com/ ထဲမှာလည်း အသေးစိတ်ကို ဝင်ရောက်လေ့လာ ကြည့်နိုင် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

 

https://www.facebook.com/yoyarlaydotcom/posts/783971454979442

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...