စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ဒေါသကြီးရင် ဒါတွေဖြစ်တတ်တယ်။”


ဒေါသကြီးသူ၌ -
●(၁) ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းတို့ကို ဖျက်ဆီးကာ ရုပ်ဆင်းအင်္ဂါ မညီမညာ
ပျက်စီးလာတတ်ခြင်း၊

●(၂) အိပ်စက်နားနေသောအခါတွင်လည်း ချမ်းချမ်းသာသာ မအိပ်စက်ရဘဲ၊
ယောင်ယမ်းလန့်ဖြန့်မှုများ ဖြစ်တတ်ခြင်း၊

●(၃) မိမိပြုလုပ်ဖွယ်ရာ ကိစ္စအ၀၀တို့တွင် အကျိုးအကြောင်း၊အဆိုးအကောင်း တို့ကို
မဆင်ခြင်မစဉ်းစားနိုင်ဘဲ အကျိုးရှိသည်ကို မရှိထင်၊အကျိုးယုတ်သည်ကို အဟုတ်ထင်တတ်ခြင်း၊

●(၄) စီးပွားဥစ္စာ ဆုတ်ယုတ်လျော့ပါးတတ်ခြင်း၊

●(၅) ဂုဏ်ရှိန်သတင်း သိန်ဖျင်းပျက်ပြယ်တတ်ခြင်း၊

●(၆) မိတ်ကောင်းဆွေကောင်းများက ဖဲခွာ၍ သွားတတ်ခြင်း၊

●(၇) သေသည့်၏အခြားမဲ့၌ ငရဲ ၊တိရစ္ဆာန်၊ပြိတ္တာ ၊အသူရကာယ် ဟူသော အပါယ်ရွာသို့သာ
လားရတတ်ခြင်းဟူသော ဆိုးကျိုးများကို ခံစားရသည်။

“ရုပ်ရည်ဆင်းပျက် ၊အိပ်စက်မပျော် ၊ကျိုးသော်မရ ၊ဘောဂပျက်စေ ၊ဂုဏ်ပျက်စေ၍ ၊မိတ်ဆွေပျက်ပြား၊
အပါယ်လား ၊ခုနှစ်ပါးဒေါသ အပြစ်တည်း။”
-【မြတ်ဗုဒ္ဓ】
Posted by
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...