စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖန်တီးမူ အနုပညာကို နားလည်အောင် ကြည့်ရှုပေးပါ


 
 
 

ပန်းချီကား တစ်ချပ်၊ စာတစ်ပုဒ်၊ ဇာတ်ကားတစ်ကား စတဲ့ အရာတွေဟာ အခေါ်အဝေါ် နာမည်ခြင်းသာ ကွဲပြားသွားတယ် ဖန်တီးမူ အနုပညာတွေသာ ဖြစ်တယ်။ ပန်းချီကား တစ်ချပ်မှာလည်း ပန်းချီဆရာ တစ်ယောက်၏ စိတ်ခံစားမူနဲ့ ဆိုလိုရင်း တွေကို ထည့်သွင်းရေးခြယ် ထားသလို စာတစ်ပုဒ်မှာလည်း စာရေးသူ တစ်ယောက်ရဲ့ စိတ်ခံစားမူနဲ့ ဆိုလိုရင်းတွေကို ထည့်သွင်း ရေးခြယ်လေ့ ရှိကြပါတယ်။ ထို့နည်းတူ ဇာတ်ကား တစ်ကား မှာလည်း ဒါရိုက်တာ၏ စိတ်ကူးများကို ပုံဖော်ကာ ထည့်သွင်းလေ့ရှိကြတယ်။

သို့သော် တစ်ခါတစ်ရံမှာ ဖန်တီးသူတွေရဲ့ ဆိုလိုသော အဓိပ္ပါယ်ကို ကြည့်ရှုခံစား သူတွေက နားမလည်ဖြစ် တတ်တယ်။ လွဲမှားစွာလည်း အတုယူ တတ်ကြတယ်။ အကောင်းဘက်ကို အတုမယူဘဲ အဆိုးဘက်ကို အတုယူတတ်ကြတယ်။ တကယ်တော့ ဖန်တီးသူတွေရဲ့ ဆိုလိုရင်းကို နားလည် သဘောပေါက်အောင် ကြည့်ရှုတတ်မှသာ ပန်းချီကား တစ်ချပ်၊ စာတစ်ပုဒ်၊ ဇာတ်ကား တစ်ကားရဲ့ တန်ဖိုးကိုလည်း သိနိုင်လိမ့်မယ်။ 

အပေါ်ယံကို ကြည့်ပြီး၍ မဆုံးဖြတ်သင့်ဘူး။ အကောင်းနဲ့ အဆိုးကိုလည်း ခွဲခြားတတ် ရမယ်။ ဆိုလိုရင်းကိုလည်း နားလည်ပြီ ဆိုရင်တော့ ဖန်တီး သူရော ကြည့်ရှုသူပါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေ ပါလိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

 https://www.facebook.com/yoyarlaydotcom/posts/787912681251986

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...