စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက် ၁၀၀ ပြည့်မွေးနေ့မှာ ကောင်းကင် လေဟုန်စီးခဲ့တဲ့ အမျိုးသမီး


                   
အသက် ၁၀၀ ပြည့်တော့မယ့် အမျိုးသမီး တစ်ဦးဟာ သူမရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့မှာ ဘယ်တော့မှ မမေ့နိုင်မယ့် အမှတ်တရ အဖြစ် လေထီးနဲ့ ကောင်းကင် လေဟုန်စီး (skydiving) ခဲ့ပါတယ်။

နယူးယော့ခ်မြို့တော်မှာနေထိုင်တဲ့ အသက် ၁၀၀ အရွယ်ရှိ Eleanor Cunningham ဟာ Gansevoort မြို့နယ်က Saratoga လေဟုန်စီး စင်တာ ကနေတစ်ဆင့် စနေနေ့ကပဲ လေထီးခုန် ကောင်းကင်လေဟုန်စီးခဲ့ပါတယ်။

ထို အဘွားအိုဟာ လေထီးမခုန်ခင် သူမရဲ့ ခုနှစ်လ အရွယ် မြေးမလေးကို နမ်းခဲ့တယ်လို့လည်းဆိုပါတယ်။ တစ်ကယ်တော့ Cunningham ဟာ လေထီးခုန် သမ တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူမ အသက် ၉၀ အရွယ်ရောက်မှ လေထီးခုန်ခြင်း အားကစားကို စွန့်လွှတ်ခဲ့ပြီး အခု သူမရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ပွဲမှာမှ ပြန်လည် ကောင်းကင် လေဟုန်စီးခဲ့တာဖြစ်ပါတယ်။

အနီရောင် လေထီးခုန် ၀တ်စုံကို ၀တ်ထားတဲ့ Cunningham ဟာ လေထီးခုန်ပြီးပြီးချင်း လက်ကိုင်ဖုန်းတွေနဲ့ မှတ်တမ်းတင်နေတဲ့ သူမရဲ့ မိသားစုဝင်တွေကို ပြုံးပြနိုင်ခဲ့ပါတယ်။ သူမမှာ ကလေး ၅ ယောက်ရှိပြီး မြေး ၁၄ ယောက် နဲ့ မြစ် ၂၆ ယောက်လည်း ရှိပါတယ်။

Ref:dailymail.co.uk

trend myanmar


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4527

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...