စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အရပ်အပုဆုံးနှင့် အမြင့်ဆုံး လူသားများ လန်ဒန်တွင်တွေ့ဆုံ



ကမ္ဘာ့အရပ်အပုဆုံး လူသားနှင့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားတို့သည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် အမှတ်တရ တွေ့ဆုံဖြစ်ခဲ့ကြောင်း သိရသည်။

လန်ဒန်တွင် ကျင်းပသည့် အမှတ်တရ အစီအစဉ် တစ်ခုတွင် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ရှင် နှစ်ဦးတို့သည် အမှတ်တရတွဲဖက် ဓာတ်ပုံအရိုက်ခံသလို အပြန်အလှန် လက်ဆွဲ နှုတ်ဆက်ခဲ့ကြသည်။

ဂင်းနစ် စံချိန်မှတ်တမ်းများ (၁၀)ကြိမ်မြောက် နှစ်ပတ်လည်နေ့တွင် တူရကီမှ ကမ္ဘာ့အရပ်အမြင့်ဆုံး စံချိန်ရှင် ဆူလ်တန်ကိုဆန်နှင့် နီပေါမှ ကမ္ဘာ့အရပ်အပုဆုံး စံချိန်ရှင် ချန်ဒရာ ဗဟာဒူ ဒန်ဂီတို့ ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။

အသက်(၃၁)နှစ်ရှိ ကိုဆန်သည် အချိန်ပိုင်း လယ်သမားတစ်ဦးဖြစ်ပြီး အရပ်(၈)ပေနှင့် (၃)လက်မမြင့်သည်။ အသက်(၇၄)နှစ် ရှိပြီဖြစ်သည့် ဒန်ဂီမှာမူ အရပ် (၂၁)လက်မခွဲသာမြင့်ကြောင်း သိရသည်။ ရက္ကန်းသည် တစ်ဦးဖြစ်သည့် ဒန်ဂီ၏ ကိုယ်အလေးချိန်မှာ (၃၂)ပေါင်သာရှိသည်။
“သူနဲ့တွေ့ဆုံရတာဟာ တကယ့်ကို အံ့ဩစရာ အခိုက်အတန့်ပါပဲ”ဟု ကိုဆန်က သတင်းထောက်များအား နိုဝင်ဘာ (၁၃)ရက် အခမ်းအနားတွင် ပြောကြားခဲ့သည်။ “သူက အရပ်ပုတယ်။

ကျွန်တော်က မြင့်တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ ဘဝမှာ အနေအထား တူညီတဲ့ ရုန်းကန်ဖြတ်သန်းမှုတွေ ရှိခဲ့တယ်။ ဒန်ဂီရဲ့ မျက်လုံးတွေကို ကြည့်လိုက်ရုံနဲ့ သူဟာ လူကောင်းတစ်ယောက်မှန်း ကျွန်တော် သဘောပေါက်လိုက်တယ်”ဟု ကိုဆန်က ပြောကြားခဲ့သည်။
ကိုဆန်သည် ကမ္ဘာပေါ်တွင် လက်ဖဝါး အရှည်ဆုံး လူသားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ၎င်း၏ လက်သည် လက်ကောက်ဝတ်မှ လက်ခလယ်ထိပ်ထိ (၁၁.၂)လက်မ အရှည်ရှိကြောင်း သိရသည်။
_CNN

 http://www.7daydaily.com/story/24909#.VGeUu-Jh71V

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...