စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတွေ သန့်ရှင်းရေးလုပ်လေ့မရှိတဲ့ ညစ်ပတ်တဲ့အရာလေးမျိုး




မကြာခဏဖျားနာတတ်ပါသလား၊ လက်ကို ပစ္စည်းတစ်ခုခု ကိုင်ပြီးတာနဲ့ သန့်စင်တတ်ပါသလား။ တစ်ချို့အရာတွေက ရောဂါပိုးမွှား ဘက်တီးရီးယားတွေ ကပ်ငြိနေတယ်ဆိုတာ မသိသာတာကြောင့် သင့်စိတ်ထဲ ပေါ့ပေါ့ပါးပါး ထိတွေ့ကိုင်တွယ် အသုံးပြုနေတတ်တာမျိုးတွေ ရှိနေပါတယ်။ အဲ့ဒီအရာတွေကို ပြောပြပေးလိုက်ပါတယ်။

၁။ခေါင်းအုံး၊ ဖက်လုံးတွေ

လူကို ဖျားနားစေတဲ့အပြင် ချောင်းဆိုးတာတွေ၊ ရင်ကျပ်တာမျိုးတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ သင်အိပ်စက်တဲ့ ခေါင်းအုံး၊ သင်ဖက်တဲ့ ဖက်လုံးတွေမှာ ရှိနေတယ်ဆိုတာ မယုံမရှိပါနဲ့။ ဒါတွေကို သန့်ရှင်းစေဖို့ဆိုရင် ခေါင်းအုံးစွပ်တွေ၊ ဖက်လုံးအစွပ်တွေကို တစ်ပတ်တစ်ခါလဲပေးဖို့ လိုအပ်ပါတယ်။

၂။သွားတိုက်တံထည့်တဲ့ ခွက်၊ ဗူး

သင့်ရဲ့သွားတိုက်တံ ထည့်တဲ့ခွက်လေးက လှနေတတ်ပေမယ့် ဒီခွက်ကပဲ ပိုးမွှားတွေ အအောင်းဆုံးနေရာဖြစ်နေတယ်ဆိုတာ သိထားရပါလိမ့်မယ်။ ဒီခွက်ကို သန့်စင်အောင် မထားဘူးဆိုရင် သင့်ရဲ့သွားတိုက်တံမှာပါ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပြီး သင့်ရဲ့သွားနဲ့သွားဖုံးကို ဒုက္ခပေးပါလိမ့်မယ်။ ဒီတော့ သွားတိုက်တံ၊ သွားတိုက်ဆေးထည့်တဲ့ ဗူး၊ ခွက်တွေကို မကြာခဏစင်ကြယ်အောင် ဆေးကြောပေးဖို့ လိုပါတယ်။ ပြီးတဲ့အခါ လုံးဝခြောက်သွေ့သွားအောင်၊ ရေစက်တွေ ကျန်မနေအောင် သုတ်ပေးပြီးမှ ပြန်သုံးပါ။ တစ်ပတ်မှာ နှစ်ခါ သန့်စင်ပေးဖို့လိုပါတယ်။

၃။သော့တံများ

အိမ်တံခါးသော့၊ ကားသော့၊ အခန်းသော့၊ အံဆွဲသော့ စတာတွေမှာ ပိုးမွှားတွေ ကပ်ငြိနေတတ်ပါတယ်။ ဒါကို သတိမထားပဲ ကိုင်တွယ်ပြီးတဲ့အခါ လက်မဆေးဘူးဆိုရင်တော့ သင့်လက်က ပိုးမွှားတွေက သင့်ခန္ဓာကိုယ်ထဲရောက်ဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။ လက်ကို မကြာခဏ စင်ကြယ်အောင် ဆေးပေးနေဖို့ လိုပါတယ်။ ပြီးတော့ သော့တွေကိုလည်း စိုစွတ်တဲ့အ၀တ်တစ်ခုခုနဲ့ သုတ်ပေးဖို့ လိုပါတယ်။

၎။ဖိနပ်ကြိုး

သင်ဟာ ညစ်ပတ်နေတဲ့ ခြေစွပ်တွေကို ခဏခဏလျှော်ဝတ်တတ်ပေမယ့် ဖိနပ်ကြိုးကိုတော့ သန့်ရှင်းအောင်ထားဖို့ မေ့နေတတ်ပါတယ်။ ဒီတော့ အပြင်တစ်ခါသွားတိုင်း ဖိနပ်ကြိုးတစ်ခါချည်နေရတဲ့ သင့်ရဲ့လက်မှာ ဘက်တီးရီးယားပိုးမွှားတွေ ကပ်ငြိနေမယ်ဆိုတာ အထူးစဉ်းစားစရာ မလိုပါဘူး။ ဒါ့ကြောင့် ဖိနပ်ကြိုးတွေကိုလည်း ဆပ်ပြာရည်ထဲမှာ စိမ်ပြီး သီးသန့်လျှော်ပေးဖို့ လိုပါတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...