စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘုရားတန်ဆောင်းအတွင်း အိပ်နေသူနှစ်ဦးအား ၁၀ ဘီတွဲယာဉ် ၀င်ရောက် တိုက်မိ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


              


အရှိန်ပြင်းစွာမောင်နှင်လာသည့် ၁ဝ ဘီးယာဉ်တစ်စီးက အင်းစိန်မြို့နယ် ကွက်သစ် ရပ်ကွက် ရွှေစိန်အေးဘုရားအုတ်နံရံနှင့် တန်ဆောင်းအတွင်း အိပ်နေ သူနှစ်ဦးကို တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာခဲ့သည့်ဖြစ်စဉ် တစ်ခု နိုဝင်ဘာလ ၁၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ဘုရင့်နောင်လမ်းမကြီးအတိုင်း မြောက်မှတောင်သို့ ယာဉ် မောင်း လှိုင်ထွန်း (၃ဝ နှစ်)မှ တွံတေးမြို့ တာကြီးပိုင်နေသူ မောင်းနှင်လာသည့် ၁ဝ ဘီးယာဉ်သည် အရှိန်လွန်ကာ ရွှေစိန်အေးဘုရားဝင်းအုတ်နံရံကို ဝင်ရောက် တိုက်မိပြီး ဘုရားဝင်းအတွင်းရှိ တန်ဆောင်းကို ဆက်လက်တိုက်မိရာ တန်ဆောင်း အတွင်း အိပ်နေသူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ၍ တစ်ဦးသေဆုံး ခဲ့သည်။

သေဆုံးသူမှာ ကိုဝင်းကျော်(၃၆ နှစ်) ပန်းခြံစုကမ်းနားအလယ်ရပ်ကွက် အင်းစိန်မြို့နယ်နေသူဖြစ်ပြီး ကိုမျိုးဇော်(၂၉ နှစ်)အမှတ်(၁၁၃)ဘုန်းကြီးကျောင်း လမ်း ရွာမအနောက်ရပ်ကွက် အင်းစိန်မြို့နယ်နေသူ၏ ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာရရှိပြီး အင်းစိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း လှိုင်ထွန်းကို အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရှိရသည်။
 
 
အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရားကို သတိရကာ သံဝေဂစိတ်လေး တစ်ချက်ဖြစ်ပါစေ... 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...