စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြေပေါ်ကျတဲ့ ပိုက်ဆံလို



 

မြေပေါ်မှာ ပိုက်ဆံ ကျနေရင် ကောက်ကြ ပါတယ်။ တန်ဖိုးကြီးလေလေ ပိုကောက် လေလေပါပဲ။ ကလေးတစ်ယောက် အနေနဲ့ ကတော့ ၅၀ တန်၊ ၁၀၀ ဖြစ်နေလည်း ကောက်ပါလိမ့်မယ်။ အကယ်၍ ငါးထောင်တန်၊ တစ်သောင်းတန် တို့ ဖြစ်နေရင် ကျသွားတဲ့အခါ ကောက်ဖြစ်ကြမှာပါပဲ။

ဆိုလိုရင်းက ဒီလိုပါ။ ပိုက်ဆံနေရာမှာ ပိုက်ဆံ မဟုတ်ပဲ စာရွက်တို့ ဘာတို့ ကျရင် ကောက်ဖြစ်ဖို့ မသေချာပါဘူး။ အကယ်၍ အမှိုက်ဖြစ်နေရင် ပိုလို့တောင် ဝေးပါလိမ့်မယ်။ လူတွေမှာလဲ ဒီလိုပါပဲ။ ဘဝမှာ အခက်အခဲ၊ အတားအဆီး အတွေ့အကြုံ များစွာကြောင့် အတက်ရှိတယ်။ အကျ ရှိတယ်။ ကျသွားတဲ့ အချိန်မှာ ပိုက်ဆံလို လူတွေက ဝမ်းနည်းစရာ မလိုပါဘူး။ အကြောင်း ကတော့ တန်ဖိုးရှိနေလို့ လူတွေ ပြန်ကောက်ကြမှာ ဖြစ်ပါတယ်။

မိမိမှာသာ တန်ဖိုး ရှိနေဖို့ လိုအပ်ပါတယ်။ တန်ဖိုးဆိုတာ ပညာပါပဲ။ ပညာအရည်အချင်း ရှိနေသလျောက် စည်းစိမ်တွေ ဆုံးရှုံးသွားသည့်တိုင်၊ အကြောင်းအမျိုးမျိုးကြောင့် ကျရှုံးသွားသည့်တိုင် အပေါ် ပြန်ရောက်အောင် ကြိုးစား နိုင်ပါတယ်။ အကယ်၍ လူတွေ မကိုင်တွယ်ဝံ့တဲ့ အညစ်အကြေးတွေ ပေနေရင်တော့ မကောက်ကြသလို အကျင့်စာရိတ္တနဲ့ ပက်သက်ပြီး အမဲစက်ရှိထားသူကိုလည်း ရှောင်ကြ ပါလိမ့်မယ်။

ဒီတော့ ပညာတတ်နေရုံနှင့် မပြီး အကျင့်စာရိတ္တပါ ကောင်းဖို့ လိုအပ်ပြီး ယင်းနှစ်ခုသာ ပြည့်စုံရင် ကြိမ်းသေ နေရာ တစ်ခုကို ပြန်လည် ရောက်ရှိ ပါလိမ့်မယ်။
.
Ref: Human value
 

အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/10/blog-post_31.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...