စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာအနုပညာ ယဉ်ကျေးမှု၏ အဓိကရေသောက်မြစ် (သို့မဟုတ်) မြန်မာ့ရုပ်သေး





 
မြန်မာ့ရုပ်သေးသဘင်သည် မြန်မာသက္ကရာဇ် ၁၁၃၈ခုနှစ် (ခရစ်နှစ် ၁၇၇၆)ခုနှစ်တွင် နန်းတက်သော စဥ့်ကူမင်းလက်ထက် သဘင်ဝန်ရာထူးဖြင့် ထမ်းရွက်ရသူ ဦးသော် စတင်တီထွင်ခဲ့သည်ဟု ဆိုကြသည်။ “ရုပ်သေးအစ၊ ကျုံးသုံးတန်နှင့်ပုဂံ” ဟူသော စကားအရ မြန်မာ့ရုပ်သေးသဘင်သည် မြန်မာသက္ကရာဇ် ၁၂ဝ၈ခုနှစ် နန်းတက်သော ကုန်းဘောင်မင်း၏ သားတော်ပုဂံမင်း လက်ထက်တွင် စတင်ပေါ်ပေါက်လာသည်ဟုလည်း ဆိုကြသည်။ သက္ကရာဇ် ၁၁၇ဝပြည့်နှစ်တွင် ရေးသားထားခဲ့သော အီနောင်နန်း တွင်းဇာတ်တော်ကြီး၌ သရေဇာတ်ဟူ၍ ရုပ်သေးအကြောင်း ဖော်ပြပါရှိသည်ကို တွေ့ရပြီး အင်းဝခေတ်၊ ဒုတိယ မင်းခေါင်လက်ထက်သက္ကရာဇ် ၈၄၆ ခုနှစ်က ရှင်မဟာ ရဋ္ဌသာရရေးသားထားသော ဘူရိဒတ်လင်္ကာကြီး၌လည်းကောင်း၊ သက္ကရာဇ် ၈၉၁ခုနှစ်တွင် ရှင်မဟာရဋ္ဌသာရကပင် ရေးသားထားသော သံဝရပျို့၌ လည်းကောင်း ရုပ်သေးအကြောင်းဖော်ပြထားသည်ကို တွေ့ကြရသည်။

ထို့ကြောင့် မြန်မာ့ရုပ်သေးသဘင်သည် အင်းဝခေတ်ကပင် ပေါ်ထွန်း နေပြီဖြစ်ကြောင်း အခိုင်အမာပြောဆိုနိုင်ပါသည်။ ရုပ်သေးသဘင်ကို အမြင့် သဘင်၊ ဇာတ်ကိုအနိမ့် သဘင်ဟုခေါ်ဆိုခဲ့ကြပြီးလျှင် ဇာတ်၊ အငြိမ့်၊ ရုပ် သေးစသည့် သဘင် ၃မျိုးတွင် ရုပ်သေးသဘင်သည် အခက်ဆုံး၊ အနက်ဆုံး၊ အရင့်ဆုံးဟူ၍ ပညာရှင်တို့က မှတ်ယူထားခဲ့ကြသည်။ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ဦးခင်မောင်ထွေးက ” မြန်မာ့ရုပ်သေးက မြန်မာပြည်မှာ ပေါ်ထွန်းခဲ့တဲ့ အနုပညာယဉ်ကျေးမှုရဲ့ အဓိ ကရေေ သာ က်မြစ်လို့လည်း ပြောလို့ရတယ်။
 
 မြစ်ဖျားခံလာတာလို့လည်း ပြောလို့ရတယ်။ ရုပ်သေးကို ရုပ်စုံသဘင်၊အမြင့်သဘင်လို့ခေါ်ခဲ့ကြတယ်။ ပျူခေတ်မှာ တူရိယာတီးနေ တဲ့ အရုပ်၊ လူရွှင်တော်အရုပ်လေးကနေတဲ့ အရုပ်ကလေးတွေကို တူးဖော်တွေ့ရှိ ခဲ့ကြရတယ်ဆိုတာ အကပညာရဲ့ သမိုင်းကြောင်းလို့ ပြောလို့ရတယ်။ ရုပ် သေးကတော့ သစ် သားနဲ့ထွင်းရတာဆိုတော့ သမိုင်းရှည်ကြာစွာနဲ့ ကျန်ရစ် နိုင်ဖို့ မလွယ်ကူခဲ့ဘူး။ဒါပေမဲ့ သက်သေအထောက်အထားတွေအရ အကပညာ ပေါ်ထွန်းချိန်မျာ ရုပ်သေးပေါ်နေလောက်ပါပြီ။ ပြီးတော့ ရုပ်သေးအစ၊ ကျုံးသုံးတန်နဲ့ ပုဂံကဆိုတဲ့စကားက ရှိခဲ့ပြန်တော့ ပုဂံခေတ်မှာ ရုပ်သေးရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း ပုဂံခေတ်မှာ ရုပ်သေးနဲ့ ပတ်သက်တဲ့ ကျောက်စာ၊ မင်စာ၊ နံရံဆေးရေး ပန်းချီတွေကို မတွေ့ခဲ့ရဖူးဘူး။
 
 အဲဒီတော့ အစောဆုံး စတွေ့ရတာကတော့ ၁၅ရာစု အင်းဝခေတ်မှာ စေ တွ့ခဲ့တယ်။ မြဝတီမင်းကြီး ဦးစတို့ခေတ်ထက် အများကြီးစောတယ်။ ရှင်မဟာရဋ္ဌသာရရဲ့ ပျို့ကဗျာတွေ အရလည်း ရုပ်သေးလို့ပြောနိုင်တဲ့ ဖျော်ဖြေမှုတွေ ပါဝင် ခဲ့ တယ်။ ရုပ်သးဟာ ၁၂ရာစု၊ ၁၃ရာစုဖြစ်တဲ့ ပုဂံခေတ်၊ ပျူခေတ်မှာ မပေါ်ခဲ့ဘူးဆိုရင်တောင် အင်းဝခေတ် ၁၅ ရာစုမှာတော့ ရုပ်သေးပေါ်နေပြီလို့ သက်သေပြ လို့ရ တယ်” ဟု မြန် မာ့ ရုပ်သေးသမိုင်းနှင့် ပတ်သက်ပြီး ပြောပြသည်။မြန်မာ့ရုပ်သေးသည် မြန်မာတို့၏စရိုက်လက္ခဏာနှင့် ပြည့်စုံသော ရိုးရာအမွေအနှစ်ဖြစ်ပြီး မည်သည့် တိုင်းပြည် က ရုပ်ေ သးရုပ်ပုံစံမျိုးနှင့်မှ တူမနေသည့် ရုပ်သေးရုပ် ၂၈ရုပ် ဖြစ်ပါကြောင်း ဦးခင်မောင်ထွေးက ဆက်ပြောသည်။

” မြန်မာ့ရုပ်သေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်က နှစ်စဉ်နှစ်တိုင်းပြုလုပ်တဲ့ ဆို၊ က၊ ရေး၊တီးပြိုင်ပွဲတွေမှာ ရုပ်သေးပြိုင်ပွဲတွေကို ထည့်နေတာ ဆိုတော့ ရုပ်သေးနဲ့ ပတ်သက်လို့ မျိုးဆက်ကျန်နေပါသေးတယ်။နောက်ပြီးတော့ အမျိုးသားယဉ် ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ လည်း ရုပ်သေးနဲ့ ဘွဲ့ယူနေတဲ့သူရှိ သေးတော့ ကျန်နေပါသေးတယ်။ ဒါပေမဲ့ ရုပ်သေးလောကဟာ နိုင်ငံခြားသားတွေရှိနေသေး၊ ကြည့်နေ သေးတဲ့အတွက် ဆက်ရှင်သန်နေတဲ့ သဘောပါ။ တကယ်လို့ မြန်မာပြည်မှာသာ ကမ္ဘာ့လှည့် ခရီး သွားတွေ မရှိခဲ့ဘူးဆိုရင် မြန်မာ့ရုပ်သေးရှိ နေပါ့မလားတောင်မသိဘူး” ဟု ဦး ခင်မောင်ထွေးက ပြောပြခဲ့သည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...