စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







iPhone 6 ၉၉ လုံးနဲ့ ချစ်ခွင့်ပန်သူ

iPhone 6 ၉၉ လုံးနဲ့ ချစ်ခွင့်ပန်ပေမယ့်
 
 

တရုတ်ပြည်မကြီးမှာ ၁၁ ရက်၊ ၁၁ လ ဟာ Single Day ဖြစ်ပါတယ်။ အဲ့ဒီနေ့ကို celebrate မလုပ်ချင်သူများက ယင်းနေ့မတိုင်ခင်က ချစ်သူ ရအောင် ကြိုးစားကြပါတယ်။ ယင်းကဲ့သို့ ကြိုးစားသူများထဲမှာ ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသားလည်း ပါဝင်ပါတယ်။

ကွန်ပြူတာ ပရိုဂမ်မာ တစ်ဦး ဖြစ်ပြီး ငွေကြေးအားဖြင့်လည်း ချမ်းသာတဲ့သူပါ။ Single Day တစ်ရက်မတိုင်ခင် သူ ကြိုက်နေတဲ့ မိန်းကလေးတစ်ဦးကို iPhone 6 ၉၉လုံးနဲ့ ချစ်ခွင့် ပန် ပါတယ်။ ၉၉ လုံးကို အသည်းပုံ ပုံစံ ဖြစ်အောင် ပုံမှာ မြင်တွေ့ရသလို ဝိုင်းထားပါတယ်။ ပြီးတော့ ယင်း အလည်ခေါင်သို့ ခေါ်ပြီး ချစ်ခွင့်ပန်ပါတယ်။ ရလဒ်ကတော့ ဝမ်းနည်းစရာ ပါပဲ။ ရူးကြောင်ကြောင်နိုင်တဲ့ အတွေးအခေါ်နဲ့ ဖန်တီးတဲ့ လုပ်ရပ်ကြောင့်မို့ မိန်းကလေးက ငြင်းဆိုကြောင်း ဆိုပါတယ်။ ကောင်လေးကတော့ အမေရိကန်ဒေါ်လာ ၈၅၀၀၀ (၈သောင်းခွဲ) အကုန်ကျခံပြီးတော့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကောင်မလေးက လက်မခံဘူး ဆိုောတ့ ဒီ iPhone 6 ၉၉ လုံးကို သူဘာလုပ်မလဲ ဆိုတာ စိတ်ဝင်စားနေကြ ပါတယ်။ 

Give away များ လုပ်လေမလားဆိုတော့ မျော်သူကလည်း မျော်လို့ ပေါ့။ ကောင်လေးဟာ သူ့အနေနဲ့ ငွေကြေး အမြောက်အများ ရှိကြောင်းကို ကြွားဝါချင်ပုံ ရပါတယ်။ အမှန်တော့ Dinner ဖိတ်ပြီး လက်ဆောင်တစ်ခုခု ပေးရင်တော့ ရနိုင်တဲ့ အနေအထားမို့လို့ ကောင်လေးရဲ့ ကြိုးစားမှုဟာ ခဲလေသမျှ သဲလေကျခဲ့ရတယ်လို့ပဲ ဆိုရပါတော့မယ်။

Ref: brobible.com
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/posts/788910424485545

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...