စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







" သြစတြေးလျတက္ကသိုလ်ထိပ်တန်းတက္ကသိုလ် University of Sydney မှ ပေးအပ်မည့်ပညာသင်ဆုများစတင်လျှောက်ထားနိုင်"

           



၂ဝ၁၅ ခုနှစ်ပညာသင်နှစ် ၊ ဘွဲ့ကြို၊ဘွဲလွန်ဘာသာရပ်များအတွက် University of Sydney မှ ပေးအပ်မည့်ပညာသင်ဆုများ ကိုမြန်မာကျောင်းသား ကျောင်းသူများ လျှောက်ထား နိုင်ရန် ဝန်ဆောင်မှုပေးအပ်မည်ဖြစ်ကြောင်း၊ ကျောင်းလျှောက် ထား ပေးမည့်CROWN Education တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

ဘွဲ့ကြိုပရိုဂရမ်သို့လျှောက်ထားမည်ဆိုပါက GCE A level (သို့) IB Diploma (သို့) ၄င်းနှင့်ညီမျှသော ပညာအရည်အချင်း ရှိရန် လိုအပ်ပါသည်။ ဘွဲ့လွန်ပရိုဂရမ်ဝင်ခွင့်အတွက် သက်ဆိုင်ရာအသိ အမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိ ထားရမည်ဖြစ်သည်။ ပညာသင်ဆုများကို ဇန်နဝါရီလမတိုင် မီနောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။

❑ Engineering and Information Technology for Undergraduate and Postgraduate (50% of tuition fees)
❑ Business Leader Scholarship for Postgraduate (50% of tuition fees)
❑ Health Sciences Scholarships for Undergraduate and Postgraduate ( $6000 one-off payment)
❑ Dean’s Undergraduate Scholarship for Undergraduate and Postgraduate ($5000 per year)
❑ All faculties Sydney Achiever Scholarship for Undergraduate and Postgraduate ( $10000 per year)
❑ Endeavour Award Top-Up Scholarship for Postgraduate

University of Sydney ကို ၁၈၅ဝ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သြစတြေးလျတက္ကသိုလ်အဆင့်(၃) နှင့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် အဆင့် (၁ဝဝ) စာရင်းဝင်အဖြစ်သတ်မှတ်ခံထားရသည်။ Group of Eight ဧ။် အဖွဲ့ဝင် တက္ကသိုလ် တစ်ခု ဖြစ်ပြီး နိုင်ငံပေါင်း(၁၅ဝ)ကျော်မှ ကျောင်းသူ ကျောင်းသားပေါင်း (၅ဝ,ဝဝဝ) ကျော်ပညာဆည်းပူး နေပါသည်။
(၁ဝ)တန်းအောင်၊IGCSE အောင်မြင်ပြီးသူများအနေဖြင့် University of Sydney သို့တက်ရောက်လိုပါက University of Foundation Program ကို Taylors College ဧ။် Sydney campus တွင် ဦးစွာတက်ရောက်ရန် CROWN Education မှကျောင်းလျှောက်ထားခြင်းကိုဝန်ဆောင်မှု အခမဲ့ဖြင့်ဆောင် ရွက်ပေးပါသည်။

University of Sydney Foundation Program ပြီးဆုံးအောင်မြင်သူများသည် University of Sydney မှ Architecture, Civil/Electrical Engineering, Medical Science, Law, Commerce, နှင့် Visual Arts စသည် ဖြင့် မိမိကြိုက်နှစ်သက်ရာမေဂျာများ ရွေးချယ် နိုင်ပါသည်။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သတ်မှတ် ထားသော ရမှတ် တင်ပြရန် လိုအပ်ပြီး နှစ်စဉ် ကျောင်းသားများဧ။် ၈ဝ% ကျော်သည် University of Sydney သို့ဝင်ခွင့်ရရှိကြပါသည်။

University of Sydney မှပေးအပ်ချီးမြင့်သော Scholarships များနှင့်ပတ်သက်၍ အသေး စိတ် သိရှိ လိုပါက CROWN Education ၊ အမှတ်(၂၇ဝ) ၊ပထမထပ်၊ မြေနီကုန်း၊ ပြည်လမ်း၊ ဖုန်း ဝ၉ ၅ဝ၈၅၁၈၅ ၊ ဝ၉ ၇၃၂ ၇၃၂ ၇၇ တွင်စုံစမ်း နိုင်ပါသည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...