စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖျားနာနေတုန်းအချိန်မှာ လေ့ကျင့်ခန်း လုပ်သင့်သလား





ဖျားနေတုန်းအချိန်မှာ လေ့ကျင့်ခန်းလုပ်သင့်သလား၊ မလုပ်သင့်ဘူးသလားဆိုတဲ့ မေးခွန်းဟာ လူတိုင်းဖြေဆိုရခက်တဲ့ မေးခွန်းတစ်ခုပါ။ လေ့ကျင့်သင်တန်းတစ်ခုအတွက် စာရင်းသွင်းထားပြီးပြီဆိုပေမယ့် သွားရောက် လေ့ကျင့်လုပ်ဆောင်ဖို့ စိတ်မပါဘူးဖြစ်နေမယ်ဆိုပါစို့။ အဲဒီလိုအခြေအနေမျိုးတွင် ဆက်လက်လုပ်ဆောင်သင့်ပါသလား။ တစ်နည်းပြောရရင် ကိုယ့်ကိုကိုယ် နေမကောင်းဘူးလို့ ခံစားရတိုင်း ခဏအနားယူခြင်းဟာ အဖျားသက်သာလာဖို့ အချိန်ပိုကြာတယ်လို့ သင်သိရှိထားပါလိမ့်မယ်။ နောက်တစ်နည်းကျတော့လည်း လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရောဂါခုခံနိုင်စွမ်းမြင့်တက်စေတယ်လို့ ဆိုထားတယ် မဟုတ်ပါလား။

လေ့ကျင့်ခန်းကိုသာ အရှိန်မြင့်တင် လုပ်ဆောင်လိုက်ရမလား ဒါမှမဟုတ် အိပ်ယာထဲမှာပဲ ဆက်အိပ်နေရမလားဆိုတာ ဆုံးဖြတ်ဖို့ ကိုယ့်ရောဂါလက္ခဏာကို လမ်းညွန်သဖွယ် အသုံးပြုနိုင်ခြင်းက သတင်းကောင်းလေးပဲဖြစ်ပါတယ်။ ဖျားနေတဲ့အချိန် ချွေးထွက်အောင်လုပ်ပါ။ ဘာရောဂါလက္ခဏာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။ တဖြေးဖြေးချင်းနဲ့ ၅မိနစ်ကနေ ၁၀ မိနစ်ထိ စတင်ပြုလုပ်ပါ။ ပိုသက်သာသလို ခံစားရင် ဆက်လက်လုပ်ဆောင်ပါ။ ပိုဆိုးလာသလို ဖြစ်နေရင် ရပ်လိုက်ပါ။

Source: Health
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...