စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘာသာစကားအသစ်တစ်ခုကို လေ့လာတော့မယ်ဆိုရင်



ကလေးတွေပဲ ဘာသာစကား သင်လွယ်ပြီး လူကြီးတွေက သင်ရခက်တယ်လို့ ပြောရင် မှားပါတယ်။ မိမိဟာ နည်းလမ်းမှန်သာ လိုအပ်နေခြင်း ဖြစ်ပါတယ်။ အကယ်၍ နည်းလမ်းမှန်ရင် ဘာသာစကား တစ်ခုကို ကလေးတစ်ယာက် စတင်လေ့လာသလိုပဲ လွယ်ကူစွာ တတ်မြန်လာစေမှာ ဖြစ်ပါတယ်။ TED.com မှ စာရေးဆရာ Krystian Aparta မှ ရေးသားတဲ့ How to learn a new language: 7 secrets from TED Translators ကို ဆီလျော်သလို ဘာသာပြန်ပေးလိုက် ပါတယ်။

1) Get real

မိမိမှာ သေချာတဲ့ goal တစ်ခုရှိဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကိုလည်း အလုပ်သိပ် အများကြီးပေးစရာမလို ပါဘူး။ ကိုယ်လေ့လာ နိုင်သလောက်ကို လစဉ်ဖြစ်ဖြစ်၊ အပတ်စဉ် ဖြစ်ဖြစ် ရည်မှန်းချက်ထားပြီး လေ့လာဖို့ လိုအပ် ပါတယ်။ ဥပမာ တစ်ပတ်အတွင်း စကားလုံး အလုံး ၅၀ လောက်ကို အရင်လေ့လာပြီး ယင်း အလုံး ၅၀ ကို လက်တွေ့မှာ ပြန်လည် အသုံးပြုပြီးမှ နောက်တစ်ဆင့် တက်တာမျိုး ဖြစ်ပါတယ်။ ဒါဆိုရင် တကယ်လည်း သဘာဝကျတဲ့ နည်းလမ်းပါ။

2) Make language-learning a lifestyle change

မိမိရဲ့ Lifestyle ကို ပြောင်းလဲသင့်ရင် ပြောင်းရပါမယ်။ သာမန်လူတွေထက် ပိုပြီးတော့ language skill သာတဲ့ သူတွေကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ Lifestyle မှာ ယင်း ဘာသာစကားတစ်ခုအား စူးစိုက်လေ့လာမှုက သာမန်လူတွေထက် သာလွန်နေလို့ ဖြစ်ပါတယ်။

3) Play house with the language

မိမိအိမ်မှာ အသုံးပြုတဲ့ ပစ္စည်းများကို မိမိလေ့လာနေတဲ့ ဘာသာစကားတစ်ခုရဲ့ label တွေထိုးထားမယ်ဆိုရင် နေ့တိုင်း ဖတ်ဖြစ်ပါမယ်။ ဒါဆိုရင် လွယ်တကူ သိလာပါလိမ့်မယ်။ ဥပမာ အိမ်သာ ကို toilet လို့ label ကပ်ပေးထားတာ မျိုးတို့ ဖြစ်ပါတယ်။ မိမိရဲ့ နေ့စဉ်လူနေမှုဘဝ ဖြတ်သန်းနဲ့ အိမ်တို့ ရုံးခန်းတို့မှာ အင်္ဂလိပ် ဆိုလဲ အင်္ဂလိပ်ဘာသာ အလျောက် စာရေးလို့ ကပ်ထားပြီး နေ့စဉ် ကြည့်ခြင်း ဖတ်ခြင်း ဖြင့်လည်း လေ့လာမှုအားကို ပိုကောင်း စေပါတယ်။

4) Let technology help you out

နည်းပညာ ပစ္စည်းများကိုလည်း ဘာသာစကားလေ့လာဖို့အတွက် အထောက်အကူအဖြစ် အသုံးပြုနိုင်ပါတယ်။ test လုပ်တဲ့ App တွေ၊ software တွေကို ဖုန်းတို့ ကွန်ပြူတာတို့မှာ ထည့်သွင်းနိုင်ပြီး မိမိ အသုံးပြုတဲ့ နည်းပညာ စက်ပစ္စည်းများရဲ့ default language တို့ကို မိမိလေ့လာနေတဲ့ ဘာသာစကားထားရှိခြင်းဖြင့်လည်း ရပါတယ်။

5) Think about language-learning as a gateway to new experiences

ဘာသာစကား တစ်ခုအား လေ့လာခြင်းကို အတွေ့အကြုံသစ် တစ်ခု ယူနေတယ်လို့ ခံယူထားသင့်ပါတယ်။ ဥပမာ ကဇာတ်တစ်ခု သွားဖြစ်တာတို့ ပန်းခြံတစ်ခုကို အလည်ရောက်ဖြစ်တာတို့ကို မိမိရဲ့ အတွေ့အကြုံ စာစီစာကုံး အဖြစ် ပြန်လည်တွေးခေါ်ရေးသား တာမျိုး၊ ရုပ်ရှင် ဇာတ်လမ်းကို ကြည့်တဲ့အခါ စာတန်းမထိုးပဲ ကြည့်ပြီး သူတို့ ပြောတာတွေကို အကြိမ်ကြိမ်ပြန်လေ့လာတာတို့ အစရှိသဖြင့်တို့ဟာ အတွေ့အကြုံသစ် များကို ယူခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

6) Make new friends

မိမိနဲ့ တူညီတဲ့ ဘာသာစကားကို လေ့လာနေသူ သို့တည်းမဟုတ် မိမိလေ့လာနေတဲ့ ဘာသာစကားကို မိခင်ဘာသာ စကားအဖြစ် ပြောဆိုနေသူတို့ဖြင့်လည်း မိတ်ဆွေ သူငယ်ချင်းဖွဲ့ခြင်းဖြင့် ဘာသာစကား အရည်အသွေး တိုးတက်စေပါတယ်။ ဘာသာစကားလေ့လာတဲ့ ရည်ရွယ်ချက်ဟာလည်း ယင်းကဲ့သို့ လူမှုဆက်ဆံရေးတို့မှာ ပြန်လည် အသုံးပြုဖို့ပဲ ဖြစ်တာကြောင် မိတ်ဆွေဖွဲ့ခြင်းဟာ မဖြစ်မနေ ပြုလုပ်သင့် ပါတယ်။

7) Do not worry about making mistakes

ဘာသာစကား အသစ် တစ်ခု လေ့လာနေသူတို့ရဲ့ အကြီးမားဆုံး အမှားတွေထဲက တစ်ခုကတော့ အမှားပြုလုပ် မိမှာ ကြောက်ရွံ့ခြင်း ဖြစ်ပါတယ်။ ယင်းကဲ့သို့ ကြောက်ရွံ့ပြီး မပြောဖြစ်၊ မရေးဖြစ်ပဲ ဖြစ်နေရင် မတတ်တော့ ပါဘူး။ ဒါကြောင့်မို့ အမှားလုပ်မှာ ကြောက်တာထက် မသင်ဖြစ်လိုက်မှာ၊ မတတ်လိုက်မှာ၊ မသိလိုက်မှာကို ပိုလို့ ကြောက်ရပါမယ်။ အမှားကနေ သင်ခန်းစာယူခြင်းဖြင့် မိမိရဲ့ ကျွမ်းကျင်မှုအတွက်လည်း အကျိုးရှိပါလိမ့်မယ်။

Ref: CONNECT Institute

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...