စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆီးချိုဝေဒနာရှင်များ လေ့ကျင့်ခန်းများကို တရားလွန်လုပ်မိပါက ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွား သွားနိုင်



လ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သောအမူအကျင့်တစ်ခုဖြစ် သော်လည်း ဆီးချိုဝေဒနာရှင်များအနေဖြင့်မူ လေ့ကျင့်ခန်းကိုတရားလွန်လုပ်မိပါက ကျန်းမာရေးအခြေ အနေပိုမိုဆိုးရွားသွားနိုင်ကြောင်း အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာကိုကိုက ပြောကြား လိုက်သည်။

“လမ်းမလျှောက်ခင် လေ့ကျင့်ခန်းတွေမလုပ်ခင်မှာကိုယ်နဲ့အဆင်ပြေ၊ မပြေကိုအရင်ကြည့်ရမယ်။ ဆီး ချိုသမားတွေအနေနဲ့ ဆီးချိုတွေအရမ်းကျနေရင်လည်းလေ့ကျင့်ခန်းတွေလုပ်လိုက်ရင် ပိုပြီးတော့ကျ သွားနိုင်တယ်။ ဆီးချိုတက်တာက ၄၀၀၊ ၅၀၀ ကျော်နေရင်လည်း လေ့ကျင့်ခန်းတွေလုပ်လိုက်ရင် ပို ဆိုးသွားနိုင်တယ်။ ဒါကြောင့်လေ့ကျင့်ခန်းလုပ်သင့်၊ မလုပ်သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်တယ်” ဟု ဒေါက်တာကိုကိုက ဆိုသည်။

ယင်းအပြင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့် ပိုဆိုးသွားနိုင်သော ရောဂါများလည်းရှိ သောကြောင့် လေ့ကျင့်ခန်းများကို တတ်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့်တိုင်ပင်ပြီး မိမိတို့ခံနိုင် ရည်ရှိသော လေ့ကျင့်ခန်းများမှစတင်၍ လေ့ကျင့်ခန်းပြင်းထန်သော ကာလကိုတဖြည်းဖြည်း တိုးမြှင့် သင့်ကြောင်း၊ ဥပမာအားဖြင့် သွေးတိုးရောဂါထိန်းသိမ်းမှု မကောင်းသောကြောင့် သွေးပေါင်ချိန်တက် နေခြင်း၊ ခြေ၊ လက်၊ အာရုံကြောရောဂါရှိ၍ ခြေ၊ လက်များထုံကျဉ်ခြင်း၊ ခြေထောက်တွင် အနာရောဂါ များ ရှိနေခြင်း၊ မျက်စိအမြင်လွှာ ထိခိုက်နေသည့်ရောဂါဆိုးဆိုးရွားရွားများ ရှိနေပါကသတိထားသင့် ကြောင်း သိရသည်။

လေ့ကျင့်ခန်းမလုပ်မီ နှလုံးသွေးကြောကျဉ်းရောဂါရှင်များ၊ ဆီးချိုရောဂါရှင်များအနေဖြင့် တတ်ကျွမ်း နားလည်သော ဆရာဝန်များနှင့်ဆွေးနွေးတိုင်ပင်ကာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန်အတွက် ခံနိုင် ရည်ရှိ၊ မရှိကို ကြိုတင်ရှာဖွေစစ်ဆေးသင့်ကြောင်း သိရသည်။

“လမ်းလျှောက်ခြင်းက ဘယ်လိုရာသီမျိုးမှာမဆို အကျိုးကျေးဇူးက အတူတူပါပဲ။ နွေရာသီမှာလမ်း လျှောက်ရင် ချွေးပြန်ထွက်တာများတော့ ရေဓာတ်ဆုံးရှုံးမှုများမယ်။ ဆောင်းရာသီမှာ လမ်းလျှောက် မယ်ဆိုရင် ရေဓာတ်ခန်းခြောက်တာနည်းတယ်။အဲဒါတော့ရှိမယ်” ဟု ယင်းကပြောသည်။

လေ့ကျင့်ခန်း လုပ်မည်ဆိုပါက တစ်ပတ်လျှင်ငါးရက် တစ်နေ့လျှင်အနည်းဆုံး နာရီဝက် (မိနစ် ၃၀) ခန် ပုံမှန်လုပ်ပေးသင့်ကြောင်း သိရသည်။

“ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာလမ်းလျှောက်ရင်ပဲဖြစ်ဖြစ် တစ်နေ့ကိုနာရီဝက် ပုံမှန်ခက်သွက်သွက်လေး လျှောက်ပေးရမယ်။ လမ်းတော့လျှောက်ပါတယ်။ လေ့ကျင့်ခန်းတော့လုပ်ပါ တယ်။ ဖြည်းဖြည်းလေး လျှောက်နေမယ်ဆိုရင်တော့ လေ့ကျင့်ခန်းက သိပ်မပီပြင်ဘူး။ လေ့ကျင့်ခန်း လုပ်တဲ့နေရာမှာ ရင်တုန်ရမယ်၊ ချွေးထွက်ရမယ်။ မောရမယ်။ အဲဒါမှ အကျိုးသက်ရောက်မှုရှိတာ” ဟု ဆိုသည်။

နံနက်ခင်း လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းစေ ပြီးနှလုံးကျန်းမာခြင်း၊ သွေးတိုး၊ ဆီးချို(ပုံမှန်) ရှိနေသူများအတွက် အထူးကောင်းမွန်ကြောင်း သိရ သည်။

“မနက်ခင်းမှာလမ်းလျှောက်တာကပတ်ဝန်းကျင်အခြေအနေတွေကြောင့် စိတ်ကိုကြည်လင်လန်းဆန်း စေတယ်။ တစ်နေ့တာလုံး ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို တိုးတက်စေပြီးတော့ အာရုံစူးစိုက်မှု ပိုကောင်းစေတယ်။ စိတ်ဖိစီးမှုတွေကိုလည်း ပြေပျောက်စေနိုင်ပါတယ်” ဟူ ဒေါက်တာကိုကိုက ပြော ကြားခဲ့သည်။


http://www.searchmyanmar.com/click/search/category/health#content-44049
Democracy Today Daily


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344732555669426/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...