စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြွှေ အရှင်လိုက်မြိုတာခံပြီး ရုပ်သံလိုင်းလွင့်




Discovery Channel မှာ အမေရိကန်က တောရိုင်းတိရစ္ဆာန် လေ့လရေး ရိုက်ကူးသူ Paul Rosolie ဟာ အရှင်လိုက် မြွှေမြိုတာခံပြီးတော့ ရုပ်သံလိုင်းလွင့်မှာ ဖြစ်ပါတယ်။ မြွှေရဲ့ ဗိုက်သားထဲက ပုံရိပ်များကို ပြသမှာ ဖြစ်ပါတယ်။ မြွှေအမျိုးအစားက တောင်အမေရိကမှ ဧရာမမြွှေ ဖြစ်တဲ့ အနာကွန်ဒါ ဖြစ်ပါတယ်။ သူမြိုတာခံဖို့ အတွက် ဝတ်ထားတဲ့ ဝတ်ဆုံက သေချာ ပြုလုပ်ထားပါတယ်။ ယင်း ဝတ်ဆုံထဲမှာ ဆိုရင် မြွှေရဲ့ ကြွက်သားနဲ့ ညစ်တဲ့ ဒဏ်ကိုလည်း ခံနိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ သူ အမြိုတဲ့ မြွှေက ၂၅ ပေ ရှည်ပြီး ပေါင် ၄၀၀ အလေးချိန် ရှိပါတယ်။

ယင်းအတွက် ရိုက်ကူးမှုကတော့ ပြီးစီးသွားပါပြီ။ ဒါဟာ မြွှေကို ငြင်းပမ်းနှိပ် စက်ခြင်း ဖြစ်ကြောင်း အချို့ အဖွဲ့အစည်း များက ပြောတော့ ဒါဟာ အနာကွန်ဒါများရဲက သဘာဝ အတိုင်း နေထိုင်ကျက်စားမှုကို သိရှိရန် ဖြစ်ပြီး သူတို့ကို ပိုပြီးတော့ ရှင်သန်စေရန်သာ ဖြစ်ကြောင်း ဆိုပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပြကွက်နဲ့ ရိုက်ကူးမှုကို အင်တာနက်မှာ စိတ်ဝင်စားဖွယ် သတင်း တစ်ခု ဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း ဗြိတိန်နဲ့ အခြားသော နိုင်ငံ အချို့ရဲ့ Discovery Channel မှာ လွင့်တင်မှာ ဖြစ်တာကြောင့် စိတ်ဝင်စားသူတွေ အင်မတန် များပြားလျက် ရှိပါတယ်။

အများစု ထင်ခဲ့ကြတာက Pual ရဲ့အသက် အန္တရာယ် စိုးရိမ်ရမယ်လို့ ဖြစ်ပါတယ်။ အမှန်တကယ် ကတော့ ရိုက်ကူးစဉ်မှာ အနာကွန်ဒါမြွှေရဲ့ အသက်အန္တရာယ်သာ စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ယင်းအတွက် ပြင်ဆင်မှု ဗီဒီယို ကို http://www.dailymail.co.uk/news/article-2856140/I-wanted-shock-people-Man-explains-filmed-eaten-alive-anaconda-wearing-snake-proof-suit.html ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlaycom

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...