စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရေကျောက်ရောဂါဖြစ်ပွားခဲ့သူများ သတိပြုရန်



ရေကျောက်ရောဂါဖြစ်ပွားခဲ့သူများ တစ်ချိန်တွင် ရေယုန်ကြီး (ဆင်ရေယုန်)
ရောဂါဖြစ်ပွားနိုင်ကြောင်းအရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်ကျော်ကပြောသည်။ယခင်ကရေကျောက်ပေါက်ခဲ့ဖူးသူများတွင် ရေကျောက်ပိုးငုပ်နေရာမှာရေယုံကြီးဖြစ်လာနိုင်ကြောင်း သိရသည်။
“ဟိုတစ်ချိန်တုန်းက ရေကျောက်ပေါက်ခဲ့တဲ့သူတွေက ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက နှစ်ပေါင်းများစွာငုပ်သွားပြီးတော့မှ ပြန်ထွက်လာတဲ့အခါကျတော့ ရေယုန်ဆိုပြီး ထွက်လာတာ။
ငယ်ငယ်က ရေကျောက်ပေါက်ခဲ့ဖူးတဲ့သူကကြီးတဲ့အခါကျတော့ ရေယုန်ဖြစ်နိုင်တယ်။ ပြောရမယ်ဆိုရင်အခုရေ ကျောက်ပေါက်ရင် နောင်တစ်ချိန်မှာ ရေယုန်ဖြစ်နိုင်တယ်” ဟု ယင်းကဆက်လက်ပြောသည်။ရေယုန်တွင် သာမန်ရေယုန်နှင့် ဆင်ရေယုန် (ရေယုန်ကြီး) ဟုနှစ်မျိုးရှိပြီး ဆင်ရေယုန်ဖြစ်ပါက သတိ ထားသင့်ကြောင်း သိရသည်။
အခြားဖြစ်နိုင်သည့်အကြောင်းများယင်းအပြင် အဆိုပါရေယုန်ကြီးသည် ကိုယ်ခံအားနည်းသူများ၊ အထူးသဖြင့် စိတ်ဖိစီးမှုများသူများ၊ သက်ကြီးရွယ်အိုများတွင် ပိုမိုပေါက်တတ်ပြီး ကိုယ်ခံအားကျသူများ HIV, AIDS ရောဂါရှိသူများတွင် ပိုဖြစ်နိုင်ကြောင်း သိရသည်။
-
“အသက်ကြီးတော့ ရေယုန်ကြီးပေါက်ဖို့ အခွင့်အလမ်းပိုများလေပဲ။ ရေယုန်ပေါက်ရင် ဆိုးကျိုးပေးတာ ကတော့ ဆေးကုနောက်ကျရင် မျက်လုံးတို့၊ နားတို့နဲ့နီးရင် အကြားအာရုံတွေ၊ အမြင်အာရုံတွေကို ထိ ခိုက်တတ်တယ်။ တချို့ရေယုန်က ပျောက်သွားပေမယ့် အဲဒီရေယုန်ကြောင့် ကျဉ်တာ၊ ကိုက်တာ ကျန်ခဲ့တတ်တယ်။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေမှာဆိုရင် ရေယုန်ကပျောက်သွားပြီ။ အဲဒီပေါက် ပြီးတဲ့နေရာက ထိုးထိုးပြီးကျဉ်နေတတ်တယ်” ဟု ဒေါက်တာကျော်ကျော်က ပြောသည်။
-
ရေယုန်ကြီးဖြစ်ခြင်း
ဆင်ရေယုန်သည် ခန္ဓာကိုယ်၏ နေရာမရွေးတွင် ဖြစ်တတ်ပြီး တချို့ခါးတွင် ဖြစ်တတ်ကြောင်း ခန္ဓာ ကိုယ်
၏ ဘယ်၊ ညာနှစ်ဘက်စလုံးတွင် မဖြစ်တတ်ဘဲ၊ ခန္ဓာကိုယ်၏ တစ်ခြမ်းဘယ် (သို့မဟုတ်) ညာ တစ်ဘက်တည်းတွင်သာ ဖြစ်တတ်ကာ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်စသည့် ခန္ဓာကိုယ်အနှံ့တွင် ဖြစ် တတ်ကြောင်း သိရသည်။
-
“မျက်နှာဆိုရင်လဲ ဘယ်ဆိုဘယ်ညာဆိုရင်ညာဖြစ်တယ်။ ရေယုန်မပေါက်ခင်တော့ ယားသလို၊ ကျဉ် သလိုဖြစ်လာတယ်။ နှစ်ရက်လောက်နေတော့ ရေယုန်ဖုတွေ ပေါက်လာတယ်။ အဲဒီရေယုန်ဖုတွေကို ယားလို့ကုတ်လိုက်တာနဲ့ အနာတွေဖြစ်ပြီးတော့ ဆိုးကျိုးတွေအနေနဲ့ အမာရွတ်တွေဖြစ်လာတာပေါ့” ဟု ဒေါက်တာကျော်ကျော်က ဆက်လက်ပြောသည်။
-
ကူးစက်နိုင်
ဆင်ရေယုန်(ရေယုန်ကြီး) ပေါက်ပါကကလေးငယ်များထံကူးစက်နိုင်သည့်အတွက်ကလေးများနှင့်
ဝေးဝေးနေသင့်ကြောင်းသိသည်။“တစ်ခါမှ ရေကျောက်မပေါက်ဘူးသေးဆိုရင် ရေယုံကြီးဖြစ်ပွားတဲ့
သူမှာလဲ ရေကျောက်ပေါက်တတ် တယ်။ ပေါက်ပြီးတဲ့သူတွေဆိုရင်တော့ ကိစ္စမရှိဘူးပေါ့” ဟု ဒေါက်တာကျော်ကျော်က ထပ်မံပြော သည်။
-
သာမန်ရေယုန်
သာမန်ရေယုန်သည်များသောအားဖြင့်ပါးစပ်ဝန်းကျင်၊ နှုတ်ခမ်းနားပတ်လည်တို့တွင်အရေကြည်ဖု
လေးများအနေဖြင့် ပေါက်တတ်ကြောင်း သိရသည်။“ဘာကြောင့် ရေယုန်အမျိုးအစား ကွဲကြသလဲဆိုရင် ရေယုန်ကဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက်ဗိုင်းရပ်စ်ရဲ့အမျိုးအစားကွဲလွဲတဲ့အတွ
က်ကြောင့် ရေယုန်ဖြစ်တဲ့ အမျိုးအစားကွဲလွဲသွားတာပေါ့။ ရေယုန် ဖြစ်တဲ့ဗိုင်းရပ်စ်အမျိုးအစားကွဲပြားမှသာမန်ရေယုန်နဲ့ဆင်ရေယုန်ကွဲပြားမှာပါ။သာမန်ရေယုန်ကတော့အားလုံးအသိများကြတယ်။နှုတ်ခမ်းပတ်လည်ပါးစပ်ထောင့်လေးတွေမှာ အရေကြည်ဖုလေးတွေ ဖြစ် လာတတ်တယ်”ဟု ယင်းကဆိုသည်။
-
သာမန်ရေယုန်သည် သာမန်အားဖြင့် လေးငါးရက်ခန့်အကြာတွင် ပျောက်သွားတတ်ပြီး အခန့်မသင့်ပါ ကပြန်လည်ပေါ်လာတတ်ကြောင်း၊ တချို့တွင်မကြာခဏပြန်ပြန်ပေါက်တတ်ကြောင်း သိရသည်။
“သာမန်ရေယုန်က ဘာဆိုကျိုးရွားရွားမှ ဒုက္ခမပေးဘူး။ ဘာလို့ခဏခဏပေါက်လဲဆိုရင် စိတ်ဖိစီးမှုများ တဲ့အခါ၊ နေပူထဲသွားတဲ့အခါ၊ မျက်နှာပါးစပ်တို့တွင် ခွဲစိတ်မှုပြုလုပ်တဲ့အခါတွေနဲ့ အမျိုးသမီးတွေ ရာသီပေါ်ခါနီးအချိန်တွေမှာ ဖြစ်တတ်တယ်။ အဲဒီအရည်ကြည်ဖုလေးတွေက ယားပေမယ့် သူ့ဘာသာ သူ ပြန်ဝင်သွားတယ်” ဟု ဆက်လက်ပြောသည်။
-
မှားယွင်းနိုင်
ရေယုန်သည် ကျီးကန်းပါးစပ်၊ အလှပြင်ပစ္စည်းများနှင့် မတည့်၍နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်းများနှင့် လည်း မှားယွင်းနိုင်ပြီး ရာသီအချိန်အခါမရွေး ဖြစ်တတ်သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။
ရေယုန်ပေါက်ပြီး ကုတ်ခြင်း၊ ဖဲ့ခြင်းများမှ အမာရွတ်များ၊ အညိုအမည်းများ၊ ဖြစ်ပွားရာနေရာတွင် ထိုး၍ ကျဉ်ခြင်းများ ကျန်ရစ်ခဲ့နိုင်ပြီး မျက်နှာတွင်ဖြစ်ပါက အမြင်အာရုံ၊ အကြားအာရုံတို့ကို ထိခိုက်စေနိုင် သည့်အတွက် ရေယုန်ဖြစ်ပါက ပေါ့ဆမနေသင့်ဘဲ အမြန်ဆုံးတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနှင့် ပြသ၍ စနစ်တကျကုသရန် လိုအပ်ကြောင်းသိရသည်။
===========
ဖိုးသူတော်


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.2633

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...