စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရက်ဆက်အိပ်ရေးပျက်ခြင်းကို အစားထိုးပြန်မအိပ်ပါက ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်စေနိုင်ဟုဆို


                        
အကြောင်းအမျိုးမျိုးကြောင့် ညဘက်တွင်ရက်ဆက်အိပ်ရေးပျက်သူများ နောက်တစ်နေ့နံနက်တွင် အစားထိုးပြီးပြန်မအိပ်ပါက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း အာဟာရဆိုင်ရာ အထူး ကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အသိပေးပြောကြားသည်။

အချို့သောသူများမှာ ညဘက်တွင် အိပ်ရေးအပျက်ခံစာကျက်ခြင်း အပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် နေ့စဉ်ရက်ဆက် ညဘက်တွင်အိပ်ရေးပျက်လေ့ရှိကြောင်း၊ ယင်းသို့အိပ်ရေးပျက်ပါက နောက် နေ့နံနက်တွင် အစားထိုးပြန်ပြီးမအိပ်ပါက ကိုယ်ခံအားများကျဆင်းလာပြီး ကူးစက်ရောဂါများ ဝင် ရောက်လာနိုင်သကဲ့သို့ စိတ်ရောဂါပင်ရရှိလာနိုင်ကြောင်း သိရသည်။

“ညဘက်မှာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးပျက်တဲ့သူတွေအနေနဲ့ နောက်တစ်နေ့နံနက်မှာ အာဟာရပြည့်ဝအောင်စားပြီး အိပ်ရေးဝအောင်ပြန်အိပ်ဖို့လိုပါတယ်။ အိပ်ရေးဝအောင်ပြန်မအိပ်ရင် တစ်ရက်၊ နှစ်ရက်လောက်က သိပ်မသိသာပေမယ့် နေ့စဉ်ရက်ဆက် အိပ်ရေးပျက်ရင် ကိုယ်ခံအား နည်းလာပြီး ကူးစက်ရောဂါပေါင်းစုံ ဝင်လာတတ်တယ်။ စိတ်ဖောက်ပြန်ပြီး စိတ်ရောဂါရတဲ့အထိလဲ ဖြစ်လာနိုင်တယ်” ဟု ယင်းကဆိုသည်။

ယင်းအပြင် ယခုကဲ့သို့ ဆောင်းရာသီကာလတွင်ဖြစ်တတ်သော ရောဂါများနှင့်ပတ်သက်၍လည်း လက်ရှိရာသီဥတုမျိုးတွင် အဆုတ်ရောင်ရောဂါများ ပိုမိုဖြစ်ပွားလာနိုင်သကဲ့သို့ အခြားသောကူးစက် ရောဂါများဖြစ်သည့် တုပ်ကွေးရောဂါ၊ တီဘီရောဂါများလည်း ဖြစ်ပွားလာနိုင်ခြင်းကြောင့် သတိထား သင့်ကြောင်း ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆက်လက်ပြောသည်။

“ညဘက်အိပ်ရေးမပျက်တာတောင် အခုဆိုရင်ရာသီဥတုကအေးလာလို့ ရင်ကျပ်နေတယ်” ဟု ရွှေပြည်သာမြို့နယ်မှ ဦးလှဌေးက ပြောသည်။

ယင်းပြင်ညဘက်အလုပ်လုပ်ရသည့်သူများသည် မအိပ်ချင်ရန် လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်သုပ်၊ အချဉ်၊ ကွမ်းယာများကို မှီဝဲကြကြောင်း၊ ၎င်းတို့ကို အလွန်အကျွံမှီဝဲခြင်းက မိုးလင်းသည့်တိုင်အောင် အိပ်မပျော်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Democracy Today Daily

နိုဝင်ဘာလ (၂၂) ရက်၊ ၂၀၁၄ ခုနှစ်

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...