စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အ၀လွန်မှုကို တွန်းလှန် နိုင်ခဲ့တဲ့ အမျိုးသမီး


တစ်ချိန်က ပေါင် (၄၅၇) နီးပါး ရှိခဲ့တဲ့ အမျိုးသမီးပာာ လက်ရှိ အချိန်မှာတော့ ပေါင် (၁၈၀) ၀န်းကျင်သာ ရှိအောင် ပြုလုပ်နိုင်ခဲ့ ပါတယ်။ အ၀လွန် မှုကြောင့် အသက် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရ ပေမယ့် လက်ရှိ အချိန်မှာတော့ ကျန်းမာခြင်းရဲ့ အရသာကို အပြည့်အ၀ ခံစား နေရပြီ ဖြစ်ပါ တယ်။ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၄၃) နှစ်အရွယ်ရှိ မာတင်ပာာ အ၀လွန်မှုကို တွန်းလှန် နိုင်ဖို့ အမူအကျင့်တွေ အားလုံး ပြောင်းလဲခဲ့ရ ပါတယ်။ အစားအစာကို အကန့်အသတ်နဲ့ စားခြင်း၊ ကိုယ်လက် လူပ်ရှားမှု ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ရ ပါတယ်။

မတင်က အ၀လွန်တဲ့ အချိန်မှာ အကန့်အသတ်နဲ့သာ နေထိုင်ခဲ့ ရကြောင်း၊ လက်ရှိ အချိန်မှာတော့ ပေါ့ပါး သွက်လက်စွာ သွားလာ နိုင်ပြီ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ လက်ရှိ ကိုယ်အလေးချိန်ရဖို့ နှစ်နှစ်ကျော်နီးပါး လေ့ကျင်ခဲ့ရ ပါတယ်။အ၀လွန်စေမယ့် အစားတွေကို ရှောင်ခဲ့တဲ့ အပြင် ကိုယ်လက် လှုပ်ရှား အားကစား အဖြစ် စက်ဘီးစီးခြင်း၊ မာရသွန်ပြေးခြင်း တို့ကို ပြုလုပ်ခဲ့ ပါတယ်။ မာတင်က ကျွန်မ လူ့လောကကြီးမှာ ဆက်နေသွား လိုပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပါတယ်။ ကျွန်မရဲ့ လုပ်ရပ်တွေ အတွက် ဂုဏ်ယူမိပါတယ် လို့ ပြောခဲ့ပါတယ်။ မာတင်ပာာ အ၀လွန်မှုကို ကျော်လွှားနိုင်ဖို့ တစ်ဆင့်ချင်း ဆောင်ရွက်ခဲ့ရ ပါတယ်။ တစ်နေ့ကို ရေရှစ်ခွက် သောက်ပြီး အ၀လွန် အစားအစာတွေကို ရှောင်ခဲ့ ပါတယ်။ အစပိုင်းမှာ လမ်းလျှောက်ပြီး တဖြည်းဖြည်းချင်း ပြင်းထန်တဲ့ လေ့ကျင့်မူတွေ ပြုလုပ်ခဲ့ပါတယ်။ အီလက်ထရောနစ် စက်ဘီးကို စီးနင်းပြီးတဲ့ နောက် ရိုးရိုးစက်ဘီးကို စီးနင်းခဲ့ ပါတယ်။ ဒီနောက် အပြေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။ လေ့ကျင့်မှုတွေ အရှိန်ရ လာပြီးတဲ့ နောက်မှာ မာရသွန် ပြေးခြင်း၊ ခရီးရှည် စက်ဘီးစီး ထွက်ခြင်းတို့ကို ပြုလုပ်ခဲ့ ပါတယ်။ ဒါကြောင့် တဖြည်းဖြည်း အလေးချိန် ကျဆင်းသွားပြီး ပေါင် (၄၅၇) ကနေ ပေါင် (၁၈၀) ကို ရောက်လာ တာပါ။

မာတင်ပာာ စိတ်ဆင်းရဲမှုတွေ ကြုံတွေ့ ခဲ့ရပေမယ့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ ပါတယ်။ သူ့ရဲ့အတွေ့အကြုံတွေကို Facebook ကတစ်ဆင့် ပြန်လည် မျှဝေခဲ့ ပါတယ်။ ဒီလို ဝေမျှခြင်းကြောင့် အခြားသူတွေရဲ့ အခက်အခဲတွေကို ကူညီနိုင်မယ်လို့ မာတင်က ယူဆထား ပါတယ်။ ဘာပဲဖြစ်ဖြစ် မာတင် ပာာ အ၀လွန်နေ သူတွေ အတွက် စံနမူနာ ယူစရာ တစ်ဦး ဖြစ်ခဲ့ပါတယ်။


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.263396900441931/69

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...