စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဖေတစ်ယောက်ရဲ့ ခံစားချက်



အိမ်ထောင်ကြပြီ ဆိုတည်းက ကျွန်တော့ အမျိုးသမီး ဖြစ်သူကို မပူမပင်နဲ့ အေးအေး
ဆေးဆေး နေစေချင်တယ်။ တစ်ခါ တစ်လေမှာ ကျွန်တော်ဟာ ဝင်ငွေ အများကြီး မရှာနိုင်ပေမယ့် ပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်စေဖို့ အမြဲတန်း ဖန်တီးချင်တယ်။

သားသမီးတွေ ကိုလည်း အစစအရာရာ အများနှင့် တန်းတူနေနိုင် စားနိုင်အောင် ဘယ်လိုကြိုးစား ရမလဲ ဆိုတာကို အမြဲတန်းစဉ်စား နေရပါတယ်။ တကယ်တော့
အဖေဆိုတာဟာ မိသားစု တစ်ခုလုံးအတွက် အဓိက တာဝန်ရှိသူ တစ်ယောက် ဆိုလည်း မှားမယ် မထင်ဘူး။ တစ်ခါတစ်လေမှာ အမျိုးသမီး အပေါ် စိတ်အလိုမကျတာလေးတွေ ရှိနေပေမယ့်လည်း နားလည် ခွှင့်လွှတ်ရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်နေရတယ်။ နားလည်မူ ဆိုတာ အိမ်ထောင် တစ်ခု အတွက် အရေးပါတဲ့ အရာတစ်ခု ဖြစ်တယ်လေ။

ဖခင်တစ်ယောက် အနေနဲ့ ငွေရအောင် ရှာပေးရုံနဲ့ မိသားစုကို တာဝန်ကျေတာ မဟုတ်ပါဘူး။ မိသားစုမှာ ဖြစ်နေတဲ့ ပြဿနာ အခက်အခဲတွေကိုလည်း ဖြေရှင်းပေးနိုင် ရမယ်။ ဒါ့အပြင် သားသမီးတွေနဲ့ ရှေးရေး အတွက်လည်း အကောင်းဆုံး လမ်းပြပေးနိုင် ရလိမ့်မယ်။ ဖခင် တစ်ယောက်ရဲ့ မိသားစု အပေါ် တာဝန်တွေကတော့ ကြီးလေး လှပါတယ်။

Photo By -carfillustration
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...