စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အီးစီးကရက်များတွင် ရိုးရိုးဆေးလိပ်များထက် ကင်ဆာဖြစ်စေသော ပစ္စည်းဆယ်ဆပိုများ

တိုကျို- ရိုးရိုးစီးကရက်များ သောက်ခြင်းထက် အန္တရာယ်ပိုနည်းသည်ဟု တစ်ခါက မှတ်ယူထားခဲ့သော တီထွင်ဆန်းသစ်မှုအတွက် ထိုးနှက်ချက်တစ်ခုအဖြစ် အီလက်ထရွန်နစ်စီးကရက် (E-Cigarette) များတွင် ရိုးရိုးစီးကရက်များထက် ကင်ဆာဖြစ်စေသော ပစ္စည်း (Carc-inogen) များ ဆယ်ဆပိုမိုပါဝင်ကြောင်း ဂျပန် သိပ္ပံပညာရှင်များက ပြောသည်။

အီးစီးကရက်သောက်ခြင်းမှ ထွက်လာသော အငွေ့များတွင် ကင်ဆာဖြစ်စေသော ပစ္စည်းပါဝင်မှုကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသော သုတေသီအဖွဲ့တစ်ဖွဲ့က လေ့လာခဲ့ကြကြောင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။
အထူးသဖြင့် လူငယ်များကြား ကမ္ဘာတစ်ဝန်း  လူကြိုက်များလာသည့် အီးစီးကရက်များမှာ နီကိုတင်းပါဝင်သည့် အနံ့အရသာထည့်ထားသော အရည်ကိုအပူပေးခြင်းဖြင့်  မီးခိုးထွက်ခြင်း မရှိသော်လည်း ရိုးရိုးစီးကရက်များကဲ့သို့ပင် ရှူရှိုက်နိုင်မည့် အငွေ့များ ထုတ်လုပ်ပေးသည်။
အီးစီးကရက်များတွင် သုံးသောအရည်အမျိုးအစားများစွာမှထွက်လာသည့် အငွေ့များတွင် ဖော်မယ်ဒီဟိုက်နှင့် အဆက်တယ် ဒီဟိုက်တို့ကဲ့သို့ ကင်ဆာဖြစ်စေသော ပစ္စည်းများကို သုတေသီများ တွေ့ ရှိခဲ့ကြောင်း TBS ရုပ်သံသတင်းဌာနက ကြေညာသည်။
အရည်များတာရှည်ခံစေရန် အသုံးပြုပြီး အိမ်ဆောက်ပစ္စည်း များတွင် တွေ့ရသည့် ဖော်မယ်ဒီဟိုက်များကို ရိုးရိုးစီးကရက်များ မှ ထွက်သော မီးခိုးများတွင် ပါဝင် သည့် ပမာဏထက် အီးစီးရက် များ၌ ဆယ်ဆပိုများကြောင်း TBS က ဖော်ပြသည်။
သုတေသီ နားအိုကီကူနုဂီတာနှင့် အမျိုးသားပြည်သူ့ကျန်း မာရေးမှ အဖွဲ့ဝင်များက ဂျပန်ကျန်းမာရေးဝန်ကြီးဌာနသို့ နိုဝင်ဘာ ၂၇ ရက်က အစီရင်ခံစာတစ်ရပ်တင်သွင်းထားကြောင်း TBS  က ကြေညာသည်။
ယင်းသတင်းနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာသုတေသီများနှင့် ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်၍မရခဲ့ပေ။ အင်တာနက်မှတစ်ဆင့် အလွယ်တကူဝယ်ယူနိုင်သည့် အီးစီးကရက်များကို ဂျပန်နိုင်ငံတွင် ဥပဒေအရ ထိန်းချုပ်ထားခြင်းမရှိပေ။ သို့သော် အနောက်နိုင်ငံအချို့ကဲ့သို့မဟုတ်ဘဲ ဂျပန်နိုင်ငံ၏ ဈေးဆိုင်များတွင် အီးစီးကရက်များကို အသင့်ဝယ်ယူ၍ မရနိုင်ပေ။ အီးစီးကရက်မှာ မမွေးသေးသော ကလေးငယ်များနှင့် လူငယ်များအတွက် ပြင်းထန်သောအန္တရာယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးကာ အီးစီးကရက်များကို အသက်မပြည့်သေးသူများအား ရောင်းချခြင်း တားမြစ်ရန် အစိုးရအဖွဲ့များကို တိုက်တွန်းထားသည်။
အများပြည်သူသွားလာရာ အဆောက်အအုံများထဲတွင်လည်း အီးစီးကရက်သောက်ခြင်းကို တားမြစ်သင့်သည်ဟု WHO က ပြော သည်။
        -AFP

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...