စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အုန်းနို.ခေါက်ဆွဲ ချက်စားမယ်



 

အုန်းနို.ခေါက်ဆွဲကို လွယ်လွယ်ကူကူဝယ်စားလို.ရတုန်းက တစ်ခါမှကိုယ်တိုင်မချက်ဖူးပါ၊
ဝယ်စားမရတော. ကိုယ်တိုင်ချက်ရပါပြီ။ ဒီမှာအုန်းနို.
အလွယ်တကူ ၀ယ်လို.ရတော. ချက်ရတာ သိပ်အဆင်ပြေပါတယ်ရှင်..

အုန်းနို.ခေါက်ဆွဲအတွက်

1) ဂျုံခေါက်ဆွဲခြောက်ကို နဲနဲမာမာပြုတ်ကာ အအေးခံထားပါ၊ - 1 Kg
2) ကြက်သွန်ဥနီသေးသေး - 20 လုံးကို အခွံခွာပြီးရေဆေးထားပါ၊
3) ဆား၊နနွင်း၊ ငံပြာရည်၊ အရသာမုန်. ၊သကြား
4)ကြက်သား & ကြက်ရိုး - 1/2 KG ကို အသားကိုသေးသေးတုန်းပြီး ကြက်ရိုးကို နှစ်ပိုင်းသုံးပိုင်းခုတ်ကာ ဆား၊ နနွင်းနယ်ကာ1 နာရီခန်.နှပ်ထားပါ..
5) ကြက်သားချက်ရန်အတွက် ကြက်သွန်နီ - 4 လုံးနှင့် ဖြူ 3မွာကို
ငရုပ်သီးအစိမ်းမှုန်.ထည်.ကာ ညှက်အောင်ထောင်းထားပါ။
6) အုန်းနို. (50) g တစ်ဗူး
7) ကုလားပဲ အစိမ်းမုန်. (50) g
8)ကြက်ဥ - 3 လုံး ကို ပြုတ်ပြီ အခွံခွာ ပါးပါးလှီးထားပါ..
9)ပဲသွေး - 6 တုန်းကိုပြုတ်ပြီး ရေစစ်ထားပေးပါ၊
10)အုန်နို.ခေါက်ဆွဲထဲထည်.စားရန် ကြက်သွန်နီ - 2 လုံးကို ပါးပါးလှီးပြီးရေစိမ်ထားပါ၊
11)သံပုရာသီး ( 2) လုံးကို အစိတ်လေးတွေစိတ်ထားပါ။
12)အ၀ါအကြွတ်ကြော် - 50 g ကိုလဲ ဆီပေါ်ကြော်ပြီး ဆီစစ်ထားပါ
13)ငရုပ်သီး အလှော်မုန်.

ချက်နည်း

*ထောင်းထားသောကြက်သွန်ကို နနွင်းမှုန်.ထည်ကာဆီသတ်ပြီး
ကြက်သား၊ကြက်ရိုးနှင့်ငံပြာရည်၊ ဆား။ အရသာမှုန်.ထည်.ကာ ချက်ထားပါ။
*ကုလားပဲစိမ်းမှုန်.ကို ရေ 1/2 liter နှင့်ကြေအောင်ဖျော်ပြီး ပဲရည်ကိုဇကာ နှင့်စစ်ချပါ၊
 

*အိုးကြီးကြီးတွင်ရေ - 5 liter ခန်.ကို တည်ထားပြီး ပွက်ပွက်ဆူလျင်ပဲရည်ကိုထည်.ပြီးမခဲစေရန် မီးပြင်းပြင်းနှင့် ဆက်တိုက်မွေပါ။ပဲရည်ဆူလျင် အခွံခွာထားတဲ.ကြက်သွန်နီသေးလေးနှင့်
ချက်ထားတဲ.ကြက်သား၊ကြက်ရိုးတွေကို ဆီစစ်ကာထည်.ပါ။ ထိုနောက် ၊အုန်းနို.၊ဆား၊ ငံပြာရည်၊ သကြား၊အရသာမှုန်.ထည်.ပြီး 20 မိနစ်ခန်.ကြာလျှင်ပါးပါးလှီးထားတဲ.ကြက်ဥ နှင် ပဲသွေးတိုကိုထည်.ကာ ဆူအောင်ထားလိုက်ရင်အုန်းနို.ပာင်းရည်ရပါပြီ။
 

ပြင်ဆင်နည်း
 

*မုန်.တပွဲစာ ခေါက်ဆွဲကိုပုဂံထဲထည်. အုန်းနို.ပာင်းရည်ဆမ်းပြီးပါးပါးလှီးထားသောကြက်သွန်နီ၊ ငရုပ်သီးအလှော်မှုန်.၊အကြွတ်ကြော်တိုကို ထည်.ကာ သံပုရာရည်ညှစ်ပြီး သုံးဆောင်နိုင်ပါပြီရှင်..
 

*သွေးတက်မည်စိုးလျှင် အုန်းနို.လျော.ထည်.ပါ၊အုန်းနို.မစားသူများနို.စိမ်းဗူးနှင့်ချက်ပါ။
သတ်သတ်လွတ်စားသူများ ကြက်သားအစားအသားတု ရေစိမ်ပြီးထည်.လို.ရပါတယ်ရှင်…
ပဲမှုန်.ထည်.တာအရမ်းများသွားရင်လဲ အရမ်းပျစ်ပြီး စားလို.မကောင်းပါ

Credit to Myanmar Foods & Other



https://www.facebook.com/thaicosmeticslovers/photos/a.323074691226201.1073741829.31

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...