စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“မြင့်မြတ်သူရဲ့ စိတ်နေ သဘောထား



အလွန်ကျဉ်းမြောင်းတဲ့ လမ်းမှာ မျက်နှာချင်းဆိုင် တွေ့ကြတဲ့ အခါ စတင်ပြီး လမ်းဖယ်ပေးလိုက်တဲ့
သူက စိတ်ထား မြင့်မြတ်တဲ့ သူပဲဖြစ်ပါတယ်။“သူ လမ်းပေါ်က သက်တောင့်သက်သာ
လျှောက်ပါစေဆိုတဲ့” စိတ်ကလေးနဲ့ လမ်းဖယ်ပေးလိုက်ရင် ကိုယ့်အတွက်
“ကုသိုလ်စိတ်လေး”တောင် ဖြစ်သွားပါသေးတယ်။

ပြဿနာနှစ်ခု ထိပ်တိုက်တွေ့တဲ့အခါ... စတင်ပြီးခွင့်လွှတ် နားလည်ပေးလိုက်တဲ့ သူက
မြင့်မြတ်တဲ့ စိတ်ထားရှိသူပဲ ဖြစ်ပါတယ်။ခွင့်လွှတ်နားလည်ပြီး အလျှော့ပေးလိုက်တဲ့
စိတ်က မိမိသဏ္ဍာန်မှာ ဒေါသအာဃာတတွေ ကင်းလွတ်သွားစေပြီး အရင်ဆုံး မိမိကိုယ်ကို အေးချမ်းစေပါတယ်။
ထို့နောက် ပတ်ဝန်းကျင်ကို အေးချမ်းစေပါတယ်။ဒါကြောင့် ပြဿနာနှစ်ခု ထိပ်တိုက်တွေ့တဲ့အခါ
ကိုယ်က စလျှော့လိုက်ပါ။

မှားသွားတယ်လို့ ယုံကြည်ရင်လည်း တောင်းပန်ဖို့ ဝန်မလေးပါနဲ့။
ဒီအချက်ကလေးဟာ ထိတွေ့ဆက်ဆံမှုတိုင်းမှာ အခြေခံငြိမ်းချမ်းရေး အတွက် မရှိမဖြစ်
လိုအပ်တဲ့ စွမ်းရည်တစ်ရပ်ပဲ ဖြစ်ပါတယ်။

-【အရှင်တေဇာနန္ဒ- “စေတနာပန်းခင်း ဆရာတော်”】
Posted by►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...