စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြည်တွင်း၌ နေ့စဉ်အရက်သောက်သူ ၁၇ ရာခိုင်နှုန်း ပြင်းထန်သောအသည်းရောဂါခံစားနေရ

အရက်တုများကလည်း ဈေးကွက်အတွင်း ပျံ့နေသည်
မြန်မာနိုင်ငံတွင် နေ့စဉ်အရက် သောက်သုံးသူ ၁၇ ရာခိုင်နှုန်းမှာ ပြင်းထန်သော အသည်းရောဂါ  ခံစားနေရကြောင်း အသည်းရောဂါကုဆရာဝန်ကြီးများက သုံးသပ် ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ၂၀၀၉ တွင် မြန်မာနိုင်ငံ ရှိ အရက်သောက်သုံးသူများကို သုတေသနပြုလုပ်ထားသော စာတမ်းကို ကိုးကား၍ ဆရာဝန်ကြီး များက ပြောကြားခြင်း ဖြစ်သည်။
‘‘အရက်ကို အလွန်အကျွံ နှစ်ရှည်လများ သောက်မယ်ဆိုရင် အသည်းရဲ့ဆဲလ် ပြန်လည်ပြုပြင်တည်ဆောက်နိုင်စွမ်းကို လျော့ကျစေနိုင်ပြီး အသည်းကို ပြင်းထန်တဲ့ ထိခိုက်မှုမျိုးတွေ ရရှိသွားနိုင်တယ်’’ဟု ရန်ကုန်ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီး (အသည်းရောဂါကုဌာန)မှ ပါမောက္ခ ဒေါက်တာဝင်းနိုင်က ပြောသည်။
လူ့ခန္ဓာကိုယ်၌ ဦးနှောက်မှ လွဲ၍ အသည်းမှာ ခန္ဓာကိုယ်ထဲ ရှိ လုပ်ငန်းဆောင်တာများစွာကို ၂၄ နာရီလုံး ဆောင်ရွက်ပေးနေ သည့်အပြင် သွေးနီဥများထုတ် ပေး၍ လိုအပ်သော သံဓာတ်များ ကို စုဆောင်းပေးထားသည်။ ထို့ ကြောင့် အသည်းအလုပ်မလုပ်ပါ က လူတစ်ယောက်၏ အသက်ရှင် နိုင်ခြေမှာ နည်းပါးသွားပြီး အသည်း တစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်းအလုပ် မလုပ်နိုင်တော့မှသာလျှင် ရောဂါရှိကြောင်း လက္ခဏာပြတတ်သည်။
အရက်ကြောင့် အသည်း ရောဂါများ ဖြစ်ပွားနိုင်ခြေသည် ၉၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအ ထိ အသည်းအဆီဖုံးခြင်း၊ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အသည်းရောင်ခြင်း၊ အသည်းအ မာရွတ်ရှိခြင်း၊ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အသည်းမာ ခြင်း၊ အသည်းခြောက်ခြင်းနှင့် ၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အသည်းကင်ဆာဖြစ်ခြင်း စသည့် ရောဂါတို့ကို ခံစားရကာ အသက် အန္တရာယ်  ထိခိုက်နိုင်သည်။
ထို့ကြောင့် အရက်သောက် သူများအနေဖြင့် နေ့စဉ်သောက် သုံးခြင်း မပြုဘဲ တစ်ပတ်လျှင် သုံးရက်ခန့်သာ သောက်ခြင်း၊ သောက်သုံးရာ၌လည်း ကောင်းမွန်သည့် အရက်ကိုသာ ရွေးချယ် သောက်သုံးခြင်း၊ အသည်း၌ အဆီမဖုံးစေရန် အဆီစားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် သောက်နေစဉ်အတွင်း အစားများများ စားသုံးပေးခြင်းစသည်တို့ကို လိုက်နာရန်လိုအပ်ကြောင်း ဆရာဝန်ကြီးများက အကြံပြုပြောကြားသည်။
‘‘အရက်သေစာကို အလွန် အကျွံသောက်စားမှု လျှော့ချရေး က အရက်ကြောင့်ဖြစ်တဲ့ ရောဂါ ဝေဒနာတွေကို တိုက်ဖျက်ဖို့ အဓိကနည်းလမ်းတစ်ခုပါ’’ဟု ရန်ကုန်စိတ်ရောဂါကုဆေးရုံကြီး မှ ပါမောက္ခဦးဝင်းအောင်မြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၉ ခု နှစ်က ပြုလုပ်ထားသော သုတေ သနစာတမ်းအရ အမျိုးသားလူဦး ရေ ၏ ၃၁ ရာခိုင်နှုန်းနှင့် အမျိုး သမီးလူဦးရေ၏ ၃၅ ရာခိုင်နှုန်း ခန့်မှာ အရက်သောက်သုံးပြီး အရက်ကြောင့် အဖြစ်အများဆုံးမှာ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်းနှင့် အသည်းရောင်ခြင်းတို့ ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...