စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝိုင်သည် တိတ်တဆိတ် လူသတ်သမား ဖြစ်



ဗြိတိန်နိုင်ငံ ကျန်းမာရေး ဆိုင်ရာ စစ်ဆေးလေ့လာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ ဝိုင်တစ်ခွက်ဟာ ဗော့ကာ သုံးခေါက် မော့စာထက် ပိုပြီးတော့ အဆိပ်ပြင်းကြောင်း သိရပါတယ်။ ဒါကြောင့်မို့ ဝိုင်သောက်သုံးမှုကို လျော့ချရန် လိုအပ် ကြောင်း သတိပေးလိုက်ပါတယ်။

ဗြိတိန်နိုင်ငံမှ လူငယ်များမှာလည်း အရက်ထက် ဝိုင်ဆွဲတဲ့ ရောဂါ ဖြစ်ပွားနေပြီး အလွန်အကျွံ သောက်သုံးနေကြ ပါတယ်။ ဒါကြောင့်လဲ ဝိုင်ကို တိတ်တဆိတ် လူသတ်သမားလို့ အမည်ပေး ခေါ်ဆို လိုက်ပါတယ်။ သူ့ကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတွေထဲမှာ အသည်း နှလုံး၊ အူတို့နဲ့ ဆက်စပ်ပြီး ခန္ဓာကိုယ်တွင်း လုပ်ရှားလည်ပတ် နေတဲ့ အစိတ်အပိုင်း များကို ထိခိုက် ပျက်ဆီး စေကြောင်း ဆိုပါတယ်။ အဓိက အားဖြင့် အသည်း ကျန်းမာရေးကို ထိခိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗော့ကာ သုံးခါ မော့စာနဲ့ ညီမျှတဲ့ ဝိုင် တစ်ခွက်ကို ကျန်းမာရေး အတွက် သောက်သုံးပါတယ် ဆိုတဲ့ အကြောင်းပြချက်ကို ရှောင်ကြဉ်ရန် လိုပြီး ဝိုင် သောက်သုံးမှုကို အထူးလျော့ချသင့်ကြောင်း ဖော်ပြ ထားပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/12/blog-post_64.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...