စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိဘတွေကို မယုံကြနဲ့ 

                                     

မိဘတွေဟာ သားသမီးတွေဆီမှာ စားသောက်တဲ့အခါတိုင်း ဘာလေးတော့ စားချင်လိုက်တာလို့ 
တစ်ခါမှ မတောင်းဆိုဘူး ဘူး ထမင်းစားတဲ့အခါတွေမှာလည်း သူတို့ ကြိုက်တဲ့ ဟင်းနဲ့ 
စားနေရတာတောင် ထမင်းမစားရသေးတဲ့သားသမီးတွေရှိသေးတယ်ဆိုရင် ငါက ဒါတော့ မကြိုက်ဘူး
ဒါတော့ မစားချင်ဘူးလို့ ငြင်းဆိုလေ့ရှိတယ်
မယုံကြပါနဲ့ 

အသက်ကြီးလာရင် အစာအာဟာရဟာပိုပြီး လိုအပ်ပါတယ် အမေရယ် ဒါကို အရင်တုန်းက
အမေကြိုက်ပါတယ်လို့  ပြောရင်တောင်အရင်က ကြိုက်ပေမဲ့ အခုမကြိုက်တော့ဘူး
လို့ တောင် ပရိယယ် လုပ်ပြီး ငြင်းဆိုကြလေ့ရှိပါတယ် သားသမီးများ သတိထားကြည့်ကြပါ
ကိုယ့်ရည်းစား ဘာကြိုက်တက်လည်းဆိုတာကိုလပိုင်းအတွင်းတောင် လေ့လာနိုင်ကြပါတယ်
နှစ်ပေါင်းများစွာအတူနေလာခဲ့ကြတဲ့ ကိုယ့်မိဘဘာကြိုက်တက်လည်းဆိုတာတော့ သားသမီးတိုင်း
သိနိုင်လောက်ပါတယ်

ဒါ့ကြောင့် သူတို့ မကြိုက်ဘူးဆိုလည်း ဇွတ်သာကျွေးကြပါ ပူတဲ့အချိန် သင့်တော်တဲ့အစားအစာ
အေးတဲ့အချိန်လည်း သင့်တော်တဲ့အစားအစာများကို သားသမီးတိုင်းက အလိုက်တသိနဲ့ 
ကျွေးနိုင်ဖို့ ကြိုးစားကြပါသူတို့ တောင်းဆိုမှ ကိုယ်က ကျွေးရမယ်ဆိုရင်
မိဘကျေးဇူးကို ဒီတသက် ဆပ်ခွင့်ရမှာမဟုတ်တော့ပါဘူး ဘာ့ကြောင့်လည်းဆိုတော့
သူတို့ က ဒီတသက် ဘာမှ တောင်းဆိုမှာမဟုတ်လို့ ပါပဲ
စီးပွားရေးမပြေလည်တဲ့သားသမီးများရဲ့မိဘများနဲ့ သားသမီးကို မှီခိုပြီးစားသောက်နေရတဲ့
မိဘများ အတွက်ပိုပြီး ဂရုစိုက်ပေးကြပါကိုယ်ငယ်ငယ်က မိဘတွေအဆင်ပြေပြေ
မပြေပြေ အားမနာတမ်းတောင်းဆိုခဲ့ပေမဲ့သားသမီးတွေအဆင်မပြေရင် မိဘတွေက
အားနာတက်တယ်ဆိုတာကို အမြဲသတိယကြပါ

တချို့ က
မိဘတွေအတွက် ပူစရာမလိုဘူးဆိုပြီး ဥပေက္ခာပြုတက်ကြပါတယ် ပြေလည်တဲ့ မိဘတွေလည်း
သားသမီးတွေရဲ့ သိတက်မှု့ ကို အမြဲမျှော်လင့်နေတက်တယ်ဆိုတာ သတိယကြပါ
ငယ်ငယ်က သားသမီးချင်းယှဉ်ရင် မျက်နှာမငယ်ရအောင် ဖြည့်ဆည်းပေးတဲ့ မိဘတွေကို
ကိုယ့်ကိုမှီခိုတဲ့အချိန်ကျမှ မိဘချင်းယှဉ်လို့ မှကိုယ့်မိဘက မျက်နှာငယ်ရမယ်ဆိုရင်တော့
သားသမီးမိုက်စာရင်းထဲကိုပါသွားပါလိမ့်မယ်
ဒါ့ကြောင့်
သူတို့ လိုအပ်ချက်ကို အမြဲတမ်းစောင့်ကြည့်ဖို့ လိုအပ်ပါတယ်သူတို့ ပြောစကားတွေကို မယုံကြပါနဲ့ 
______________________________________
Ko Myint Khine ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...