စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆယ်ကျော်သက် အရွယ်တွင် အရပ် မရှည်ရသည့် အကြောင်းအရင်းများ


ဆယ်ကျော်သက်များ အရပ်မရှည်ရခြင်းမှာ အောက်ပါ အချက်များကြောင့် အဓိက ဖြစ်သည်။

၁) မျိုးရိုးကြောင့် အရပ်ပုခြင်း
-----------------------------

ပစ်ဂမီလူမျိုး ကပ္ပလီ ကျွန်းသားများမှာ အရပ် ၅ ပေထက် ပို၍မရှည်ပါ။

၂) ကြီးထွား ဟော်မုန်း မထွက်ရှိခြင်း
-------------------------------------

ဦးနှောက်အောက် အကျိတ်မှ ကြီးထွား ဟော်မုန်း မထွက်ရှိသဖြင့် အရိုးများ ရှည်မလာခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာ အချိုးအစား အနေဖြင့် ပုသူများဖြစ်သည်။ ကြီးထွားဟော်မုန်း အထွက် များလျှင် အရပ် ၇ ပေ၊ ၈ ပေကျော်အထိ ရှိလာပြီး လူ့ဘီလူးကြီးအသွင် ဖြစ်တတ်သည်။ ကျောက်ကပ် ရောဂါရှိလျှင် ထုံးဓာတ်နည်းသော ဒေသရှိ ခန္ဓာကိုယ်မှ ထုံးဓာတ်လျော့ နေသူများ ဥပမာ- ကပ္ပလီများသည် ဆယ်ကျော်သက် လွန်ပြီးလျှင် အရပ် ထွက်မလာတော့ပါ။ ကျောက်ကပ် ရောဂါရှိလျှင် ခန္ဓာကိုယ်မှ ထုံးဓာတ် လျော့နေသူများမှအပ အခြား ရောဂါရှိသူများ ဥပမာ- အမျိုးသားများတွင် အမျိုးသမီး ခရိုမိုဇုန်း ပိုများခြင်း၊ အမျိုးသမီး များတွင် အမျိုးသား ဟော်မုန်းခရိုမိုဇုန်း ပိုများခြင်း၊ အရိုးရင့်၍ အရပ်ပုရောဂါနှင့် ကစုန်းရောဂါ စုတို့ဖြစ်သည်။ နေ့စဉ် တစ်နာရီ လေ့ကျင့်ခန်း (အပြေးလမ်းလျှောက်၊ စက်ဘီးစီး) လုပ်စေခြင်း အပြင် သက်ဆိုင်ရာ ဟော်မုန်း ကျွေးလျှင် နှစ်နှစ်ကြာသော် အရပ် ရှည်လာမည်ဖြစ်သည်။

အချို့မှာ ဘာရောဂါမျှ မရှိဘဲ မလှုပ်ရှားခြင်း၊ မစားမသောက်ခြင်းကြောင့် သန်မာ ထွားကျိုင်းမှု နည်းပါးကာ အရပ်မထွက်ခြင်း ဖြစ်သည်။ (နေ့စဉ် တစ်နာရီ လေ့ကျင့်ခန်း၊ အပြေး လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းများ ပြုလုပ်သင့်သည်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ကာ အစာအာဟာရ ပြည့်ဝအောင် စားသုံးသင့်သည်။) ဆယ်ကျော်သက် အမျိုးသမီးများတွင် မစားမသောက်လျှင် သွေးအားနည်းကာ ရာသီသွေး ပုံမှန်မလာခြင်း၊ ရာသီသွေးအလာ နည်းခြင်းများကြောင့် အရပ်ပုတတ်သည်။ (အားကစား လုပ်စေခြင်း၊ အစားအသောက် စားစေခြင်းနှင့် စိတ်အပန်း ဖြေစေခြင်းဖြင့် အရပ် ထွက်လာနိုင်သည်။) အမျိုးသားများ အသက် ၁၉ နှစ်ကျော် သည်အထိ အသံမသြ၊ အမျိုးသားတစ်ဦး ကဲ့သို့ ဟန်ပန်မထွက်၊ နောက်ကျလျှင် ဟော်မုန်း တစ်လတစ်ခါ ထိုးပေးရသည်။ အမွေး အမှင်များပေါက်ကာ အမျိုးသားကြီးများ ဖြစ်လာနိုင်သည်။ 


ကျန်းမာရေးနှင့် ညီညွတ်သော ခန္ဓာကိုယ် အချိုးအစား (ဘီအမ်အိုင်) ရှိရမည်။ ဘီအမ်အိုင် ဆိုသည်မှာ ခန္ဓာကိုယ် အလေးအချိန် (ကီလိုဂရမ်) ကို အရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း) နှင့် စားလျှင်ရသော ရလဒ်ဖြစ်ပြီး သာမန် ၁၈ ဒသမ ၅ မှ ၂၄ ဒသမ ၉ အတွင်း ရှိရမည်။ ကျန်းမာရေးနှင့် အသက်ရှင်ခြင်းကို ဖြစ်စေသည့် ကစီဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်တို့ ပြည့်စုံလုံလောက်စွာ စားသုံးရန်လိုသည်။ အင်အားဖြစ်စေသည့် ကစီဓာတ် ကဲသော အစာများမှာ ကောက်ပဲသီးနှံများ၊ ဆန်၊ ဂျုံ၊ ပြောင်းနှင့် ကစီဓာတ် ပေါကြွယ်သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးသင့်သည်။

အသားဓာတ် သို့မဟုတ် ပရိုတိန်းဓာတ် စားရမည်။ သစ်သီးများမှာ ငှက်ပျောသီး၊ ပိန္နဲသီး၊ မာလကာသီး၊ သရက်သီးနှင့် သင်္ဘောသီးများ ပါဝင်သည်။ အဆီဓာတ်မှာ မပြည့်ဝဆီ (မြေပဲ၊ နှမ်း၊ နေကြာဆီ) နှင့် အခြား ဟင်းသီးဟင်းရွက်များ ပါဝင်သည်။ အဆီဓာတ်သည် ခန္ဓာကိုယ်မှ ရရှိသော ကယ်လိုရီထဲတွင် အနည်းနှင့်အများ ပါဝင်သဖြင့် အဆီစား၍ အဝလွန်ခြင်းမဖြစ် အောင် မျှတစွာ စားသုံးရပါမည်။

Credit to original writer


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.263396900441931/6

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...