စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မွေးကင်းစ ကလေးများ ရုတ်တရက် သေဆုံးခြင်း ရောဂါနှင့် ပတ်သက်၍ အဓိက အကြောင်းရင်းကို တွေ့ရှိ



ဩစတြေးလျမှ ခေါင်းဆောင်သော အဖွဲ့ တစ်ဖွဲ့သည် “မွေးကင်းစ ကလေးများ ရုတ်တရက် သေဆုံးခြင်း ရောဂါ” (SIDS) နှင့် ပတ်သက်၍ ဧရာမတွေ့ရှိချက်ကြီး အဖြစ် ဖြစ်ပွားရသည့် အဓိက အကြောင်း ရင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း ကြေညာ ခဲ့သည်။

ယင်းမှာ ဆီရိုတိုနင် (Serotonin) လျော့နည်း ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ မဲလ်ဘုန်းမြို့ အခြေစိုက် ဖလော်ရေး အာရုံကြော သိပ္ပံဌာနမှ သုတေသနပညာရှင် ဒေါက်တာ ဂျိုဒီဒူကန်က အသစ် တွေ့ရှိရသည့် SIDS နှင့် ပတ်သက်သော အချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။

SIDS ဖြစ်ပွားသည့် ကလေးများတွင် ဆီရိုတိုနင် လျော့နည်းသည်ကို တွေ့ရှိခဲ့ရာ အဆိုပါ ဆီရိုတိုနင်သည် ခန္ဓာကိုယ်တွင် အသက်ရှင်မှုကို ထိန်းသိမ်းပေးသည့် အခြေခံ လုပ်ငန်း ဆောင်တာများကို ထိန်းညှိသည့် neurotransmitter ဖြစ်သည်ဟု ဆိုသည်။ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အိပ်စက်ခြင်းစက်ဝန်း၊ အသက်ရှူခြင်းတို့နှင့် အတူ ဆီရိုတိုနင်သည် အသက် ရှင်သန်ရေးအတွက် လွန်စာအရေးပါသည်ဟု ဆို၏။

ကလေးငယ်များ SIDS ကြောင့် သေဆုံးရခြင်းမှာ ဆီရိုတိုနင် ထုတ်လုပ်မှုနှင့် သက်ဆိုင်ရာ အင်ဇိုင်းတစ်မျိုး ဖြစ်သော TPH2 ကျဆင်းမှုကြောင့် ဖြစ်သည်ဟု အတည်ပြု ပြောကြား ခဲ့သည်။

အဆိုပါ သုတေသန အဖွဲ့သည် SIDS ဖြစ်ပွားရသည့် နောက်ထပ် အချက် အလက်သစ် တစ်ရပ်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ရာ ယင်းမှာ အမျိုးသမီးများ ကိုယ်ဝန်ရှိနေစဉ် ဆေးလိပ်သောက်ခြင်းနှင့် မွေးကင်းစ ကလေးအနားတွင် ရှိနေစဉ် ဆေးလိပ်သောက်ခြင်းတို့ ဖြစ်သည်ဟုဆိုသည်။ ယခုတွေ့ရှိချက်များကြောင့် ကလေးငယ်များ SIDS ကြောင့် သေဆုံးရခြင်းကို ထိရောက်စွာ ကာကွယ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။News


https://www.facebook.com/photo.php?fbid=170286606447218&set=a.1067967761295

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...