စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မီးဖွားရလွယ်ကူစေမည့် သဘာဝနည်းလမ်းများ


                     
သဘာဝနည်းလမ်းအတိုင်းမီးဖွားဖို့ စီစဉ်ထားတဲ့ ကိုယ်
ဝန်ဆောင်အမျိုးသမီးတွေ အတွက် ကိုယ်ဝန်နေ့စေ့လစေ့လို့ မီးဖွားချိန် ရောက်လာတဲ့အခါ မီးဖွားရလွယ်ကူစေမယ့် သဘာဝ နည်းလမ်းတွေရှိတယ်။

ကလေးမွေးဖွားနိုင်အောင် လှုံ့ဆော်ပေး နိုင်တဲ့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခု က တော့ လမ်းလျှောက်ခြင်းပါ။ လမ်းလျှောက် ခြင်းဟာ ကမ္ဘာမြေဆွဲအားနဲ့ လှုပ်ရှားမှုတွေ ကြောင့် မီးဖွားနိုင်အောင် ကူညီပေးတာဖြစ် ပါတယ်။ သင်ဟာ မတ်တတ်ရပ်ပြီး လမ်းလျှောက် ခြင်းပါ။

လမ်းလျှောက်ခြင်းဟာ ကမ္ဘာမြေဆွဲအားနဲ့ လှုပ်ရှားမှုတွေကြောင့် မီးဖွားနိုင်အောင် ကူညီပေးတာ ဖြစ်ပါတယ်။ သင်ဟာ မတ်တတ်ရပ်ပြီး လမ်းလျှောက် တဲ့အခါ ကလေးရဲ့ခေါင်းဟာ သားအိမ်ခေါင်းပွင့်အောင် တွန်းအားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုကလည်း သားအိမ်ကျုံ့အောင် လှုံ့ဆော်ရာမှာကူညီပေးပါတယ်။

သင့်ဘဝမှာ မလိုချင်တဲ့ ဖိစီးမှုတွေနဲ့ မလိုအပ်တဲ့ ဖိစီးမှုတွေ အားလုံးကို ဖယ်ရှားပစ်ပါ။ ကလေးမီးဖွားရလွယ်ကူစေဖို့ အတွက် ကိုယ်ဝန်ဆောင်ချိန်ကတည်းက စိတ်အပန်းပြေ စေမယ့် ဖြေလျှော့တဲ့ နည်းလမ်းတွေကို မှန်မှန်လုပ်ဆောင်ပေးပါ။ စိတ်ပိုင်းဆိုင်ရာ အကျိုး သက်ရောက်မှုတွေက အများအပြားရှိပြီး ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေက ကလေးမီးဖွားရာမှာ ခက်ခဲပြီး နှောင့်နှေးကြန့်ကြာ စေနိုင်ပါတယ်။

Evening Primrose Oil ဟာ သားအိမ်ခေါင်းပွင့်အောင် ကူညီပေးတဲ့ Prostaglandin အဆင့်ကို မြင့်စေနိုင်ပါတယ်။ ဒါပေမယ့် Evening Primrose Oil မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

ကြက်ဆူဆီကတော့ မီးဖွားနိုင်အောင် ဟိုအရင်ကတည်းက သုံးခဲ့တဲ့ နည်းလမ်းပါ။ ဒါပေမယ့် ဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့ နောက်ဆုံးအဆင့်မှသာ သုံးသင့်ပါတယ်။ ကြက်ဆူ ဆီဟာ ကြွက်တက်တာနဲ့ ဝမ်းလျှောတာတွေကို ဖြစ်စေနိုင်ပါတယ်။

လိင်ဆက်ဆံမှုကို မီးဖွားရလွယ်ကူစေတဲ့ နည်းလမ်း တစ်ခုအဖြစ် ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သုက်ရည်မှာ သားအိမ်ခေါင်းနဲ့ ကပ်ပြီး ကြာ ကြာတည်ရှိနေမယ့် သဘာဝ Prostaglandin တွေ ပါဝင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်ဆံမှု အထွက်အထိပ်ရောက်စဉ်မှာ ထွက်လာတဲ့ ဟော်မုန်းက သားအိမ်ကျုံ့စေတဲ့ Oxytocin ဟော်မုန်းပဲဖြစ်ပါတယ်။Health
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...