စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Google Translate ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီ



အင်တာနက် အသုံးပြုနေသူ အတော်များများလည်း သိပြီးသား ဖြစ်ကြမှာပါ။ ယင်းကတော့ Google Translate မှာ မြန်မာဘာသာ ပါဝင်လာခြင်း ဖြစ်ပြီး စတင် အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာ ကို ပြန်လို့ ရသလို၊ အင်္ဂလိပ်ဘာသာ ကနေ လည်း မြန်မာဘာသာကို ပြန်လို့ ရပါတယ်။

Google က default ရွေးချယ်တဲ့ font ကတော့ မြန်မာဆိုရင် Unicode ဖြစ်ပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်ကနေ မြန်မာကို ပြန်မယ်ဆိုရင် Output က ယူနီကုဒ်နဲ့ပဲထွက်မှာ ဖြစ်ပါတယ်။ ဒီတော့ ယူနီကုဒ်ကိုဖတ်ချင်ရင် စက်ထဲမှာ ယူနီကုဒ် ရှိရန်လိုအပ်ပြီး အကယ်၍ မရှိရင် http://burglish.my-mm.org/latest/trunk/web/fontconv.htm ထဲမှာ copy paste ပြုလုပ်ပြီး ကိုယ်လိုရာကို ပြောင်းလဲနိုင်ပါတယ်။

ဒါပေမယ့် ယူနီကုဒ်ကို ထည့်သွင်းအသုံးပြုကြဖို့သာ တိုက်တွန်းပါတယ်။ အကြောင်းကတော့ အနာဂတ်မှ ယူနီကုဒ်ကသာ စံစနစ် စာ ဖြစ်လာမှာမို့ ဖြစ်ပါတယ်။ မြန်မာဘာသာမှာ ရေးမယ်ဆိုရင် ယူနီကုဒ်နဲ့ မရေးတတ်သေးရင်တောင် Detect Language ဆိုတာကို နှိပ်လို့ ဇော်ဂျီနဲ့ ရိုက်သွင်း ထည့်လို့ ရပါသေးတယ်။

ဘာသာပြန်မှုဟာ ပြီးပြည့်စုံတဲ့ အဆင့်တော့ မဟုတ်သေး ပါဘူး။ ဒါပေမယ့် အနီးစပ်ဆုံး အဓိပ္ပါယ်ကို ထုတ်ပြနိုင်နေပြီ ဖြစ်ပါတယ်။ နောက်ဆိုရင် ပိုပြီးတော့ အဆင့်မြင့်လာမှာပါ။ ယင်းကို မိမိကိုယ်တိုင်လည်း ရေးသား ပြင်ဆင်လို့ ရပါကြောင်း သတင်းကောင်း ပါးလိုက်ရ ပါတယ်။

အသုံးပြုရန် Link - https://translate.google.com/


အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/12/google-translate.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...