စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝက်ခြံ (Acne) အကြောင်း သိကောင်းစရာများ



ဝက်ခြံဆိုတဲ့အရာပာာ လူမျိုးမရွေး၊ အသက်အရွယ်မရွေးမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် တော့ ဆယ်ကျော်သက် လူငယ်လူရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးနဲ့ကလေး တွေမှာလည်း ၀က်ခြံပာာ ဖြစ်ပေါ်တတ်ပါတယ်။ ယောက်ျားလေး တွေမှာ ပိုပြီးဖြစ်တတ်ပြီး ပိုပြီးလည်းဆိုးတတ်ပါတယ်။ အနောက်နိုင်ငံသားတွေမှာ ပိုပြီးအဖြစ်များ ပါတယ်။ အလုပ် အကိုင် တွေအနေနဲ့လည်း ဆီကိုင်ရတဲ့အလုပ်တွေ လုပ်ရတဲ့သူတွေမှာ ပိုပြီးဖြစ်ပါတယ်။ ဆေးတွေအနေနဲ့ Lithium, hydantoin, topical and systemic glucocorticoids, oral contraceptives, androgens ဆေးတွေပာာ ၀က်ခြံပာာ ပိုဖြစ် ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ၀က်ခြံပာာ မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတွေမှာ ပြင်းထန်တဲ့ ၀က်ခြံတွေဖြစ်တတ် ရင် သားသမီးတွေမှာလည်းဖြစ်တတ်ပါတယ်။

ဝက်ခြံအဓိကဖြစ်စေတဲ့အကြောင်းအချက် ၄ခုရှိပါတယ်။

၁။ အဆီထွက်များခြင်း
၂။ အဆီထွက် ဂလင်း၏ လမ်းကြောင်းများ ပိတ်ဆို့ခြင်း
၃။ ရောဂါပိုးများ ၀င်ရောက်ခြင်း
၎။ ရောင်ရမ်းစေတဲ့ ဓါတ်များထုတ်လွှတ်ခြင်း

အဲဒီအချက်အလက်တွေပာာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးဖြစ်ပါတယ်။
ပထမ လူပျို၊ အပျိုဖော်ဝင်စမှာ ပောာ်မုန်းအပြောင်းအလဲကြောင့် အဆီဂလင်းတွေကနေပြီး အဆီတွေပိုထွက်လာပါတယ်။ အဲလိုအဆီတွေပိုထွက်တဲ့ အတွက်ကြောင့် အဆီထွက်ဂလင်းတွေရဲ့လမ်းကြောင်းတွေမှာ အဆီတွေစုပုံပြီး အဆီတွေနဲ့ ပိတ်သွားပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီနေရာပာာ ဖောင်းလာပါတယ်။ အဲဒီနောက်အဲဒီလမ်းကြောင်းထဲကို ဘက်တီး ရီးယား ပိုးတွေ ၀င်ရောက်လာပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်ဖို့အတွက် ခန္ဒာကိုယ်ကနေပြီး ရောင်ရမ်း စေတဲ့ဓါတ်တွေ ထုတ်လွှတ်လိုက်ပါတယ်။ အဲဒီအကြောင်းတွေကြောင့် ၀က်ခြံဖောင်းနေရာကနေ ပြည်တည် လာပါတယ်။ ရောင်ရမ်းလာပါတယ်။

အဲဒီအချက်လေးချက်ကနေပြီးတော့ ၀က်ခြံပာာ ဖြစ်ပေါ်လာပါတယ်။ တခြားအချက်အနေနဲ့ ၀က်ခြံပာာ စိတ်လှုပ်ရှားရင်၊ စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။ အထင်မှားနေတဲ့အချက်တစ်ချက်ကတော့ ၀က်ခြံပာာ အစားအသောက်တွေ အထူးသဖြင့် အဆီများတဲ့အစာတွေ၊ ချောကလက်တွေကြောင့်ဖြစ်တတ်တယ်လို့ ထင်နေတာဖြစ်ပါတယ်။ အဲဒီအယူအဆပာာ လုံးဝမှားပါတယ်။ ၀က်ခြံပာာ အစားအသောက်တွေနဲ့လုံးဝ မဆိုင်ပါဘူး။ အစားအသောက်ကြောင့် ၀က်ခြံမဖြစ်ပါဘူး။

အောက်ပါဝက်ခြံပေါက်ခြင်းတွေကို ထူးခြားတဲ့ကိစ္စတွေအနေနဲ့သက်မှတ်ပါတယ်။ အဲဒါတွေကတော့

- အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ၀က်ခြံပေါက်ခြင်း။ ။ အရွယ်ရောက်ပြီး အမျိုးသမီးဆိုတာ အသက် ၃၀ကျော်အမျိုးသမီးတွေကို ဆိုလိုပါတယ်။
- ပုံမှန်ဆိုရင်တော့ အဲဒီအသက်အရွယ်မှာ အမျိုးသမီးတွေမှာ ၀က်ခြံပေါက်တာ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမယ့် အဲဒီအသက်အရွယ်မှာ ၀က်ခြံလည်းပေါက်မယ်၊ အမွှေးတွေလည်းထူလာမယ်။ ရာသီလည်း မမှန်ဖြစ်နေမယ်ဆိုရင်တော့ Adrenal gland ကပိုပြီး အလုပ်လုပ်နေတာ ဒါမှမပာုတ် Ovary (သားဥပြွန်) ကနေ Androgen ထွက်နေတာတွေကို စစ်ဆေးသင့်ပါတယ်။
- Acne Conglobata –(မျက်နှာမှာမပာုတ်ဘဲ ခန္ဒာကိုယ်ပေါ်မှာ အသီးသီးများဖြစ်နေအောင် ၀က်ခြံဖြစ်ခြင်း) မိန်းကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ရုတ်တရက်ဖြစ်ပါတယ်။ ပြည်တည်ပြီး အမြဲလို အနာဖြစ်နေ တတ်ပါတယ်။ ဒါ့အပြင် မစားချင် မသောက်ချင်ဖြစ်ခြင်း၊ နုံးချိနေခြင်း၊ အဖျားတက်ခြင်း၊ အရိုးအဆစ်များ ကိုက်ခဲနေခြင်း၊ Leukocytosis and elevated ESR တို့ပါဖြစ်တတ်ပါတယ်။

ကုသမှုအနေနဲ့ အဓိကရည်ရွယ်ချက်ကတော့

- ပိတ်နေတာတွေကို ရှင်းပစ်ဖို့နဲ့
- ရောဂါပိုးတွေကို တိုက်ထုတ်ပစ်ဖို့တို့ဖြစ်ပါတယ်။
- သိပ်မဆိုးဘူး(မရောင်နေဘူး)ဆိုရင် လိမ်းဆေးနဲ့တင်လုံလောက်ပါတယ်။
- နဲနဲဆိုးရင်(ရောင်ပါတယ်၊ ပြည်နည်းနည်းတည်ပါတယ်) လိမ်းဆေးကို အရင်စမ်းသပ်ပြီး မသက်သာဘူးဆိုရင်တော့ သောက်ဆေးကိုသုံးပါတယ်။
- အရမ်းဆိုးရင် (အနာတွေဖြစ်ပါတယ်၊ ပြည်တည်ပါတယ်) ဒီအမျိုးအစားမှာတော့ လိမ်းဆေးရော၊ သောက်ဆေးပါ တွဲပြီး ပေးပါတယ်။
- ၀က်ခြံပာာ ဖြစ်ပေါ်တဲ့နေရာမှာ အကြောင်းရင်း ၄ချက်ရှိသလို ကုသတဲ့နေရာမှာလည်း အဲဒီ အချက်တွေကို အဓိထားပြီး ကုသရပါတယ်။
o အဆီပိတ်ဆို့မှုများကို Benzoin peroxide, Tretinoin, Retinoic acid အဲဒါတစ်မျိုးမျိုးနဲ့ လိမ်းပြီး ဖယ်ရှားရပါမယ်။
o ဘက်တီးရီးယားပိုးတွေ ၀င်ရောက်ခြင်းကို လိမ်းဆေး Clindamycin, E-mycin gel ကိုလိမ်းရပါတယ်။
o သောက်ဆေးပိုးသတ်ဆေး Tetracycline 500mg, E-mycin 500mg ကို တစ်နေ့၂ကြိမ် သောက်ရပါတယ်။
o ဒါ့အပြင် Doxycycline, Menocycline, Trimethroprim တို့ကိုလည်းသုံးနိုင်ပါတယ်။
o အဆီထွက်တာလျော့ကျအောင် Ethinyl oestradiol 35micro gm, Isotretinoin တို့ကို သောက်သုံးနိုင်ပါတယ်
o Oestradiol ကိုယောက်ျားလေးတွေမှာသောက်သုံးမယ်ဆိုရင် သေသေချာချာတိုင်ပင်သင့်ပါတယ်။ သူက မိန်းမ ပောာ်မုန်းဖြစ်တဲ့အတွက် ယောက်ျားလေးတွေမှာ မလိုလားအပ်တဲ့ အခြား ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်လို့ပါ။
o ရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် အထက်မှာဖော်ပြထားတဲ့ Antibiotics နဲ့ Isotretinoin တို့က ပဲပြုလုပ် ပေးပါတယ်။
o Antibiotics လိမ်းဆေးနဲ့ Benzoyl peroxide gel တို့ကို နေ့အချိန်မှာလိမ်းပေးရပါတယ်။ Retinoids လိမ်းဆေးတွေကိုတော့ ညပိုင်းမှာလိမ်းပေးရပါတယ်။
o ဒါ့အပြင် မျက်နှာကို တစ်နေ့သုံးခါလောက်ပုံမှန်သစ်ပါ။ ၀က်ခြံကို ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းကို ရှောင်ပါ။ မျက်နှာကို သန့်ရှင်းစွာထားပါ။
o ၀က်ခြံရဲ့ ဆိုးကျိုးတွေအနေနဲ့ ဖြစ်တဲ့ အရေပြားမှာ အရောင်ဖျော့သွားခြင်း၊ အရောင်ရင့်လာခြင်း၊ အနာတွေဖြစ်ခြင်း၊ အမာရွတ်တွေဖြစ်ပေါ်ခြင်းနဲ့ အရမ်းဆိုးရင် keloid scar လို့ခေါ်တဲ့ မို့မောက်နေတဲ့ အမာရွတ်တွေဖြစ်ပေါ်ခြင်း၊တို့ဖြစ်ပေါ်တတ်ပါတယ်။

ဝက်ခြံဖြစ်ပေါ်ခြင်းနဲ့ ၀က်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို အောက်ပါနည်းလမ်းများနဲ့လည်း ကုသနိုင်ပါတယ်။

• Intra lesional steroids
• Cryotherapy
• Laser therapy
• Dermabrasion
• Chemical skin peeling
• Fillers
ဒါတွေကတော့ Health care centre တွေမှာသာ သွားရောက်ကုသနိုင်ပါတယ်။

Credit to ဒေါက်တာသူရိန်လှိုင်ဝင်း

(ဤမူလဆောင်းပါးရှင်မှာ ဒေါက်တာသူရိန်လှိုင်ဝင်း ဖြစ်ပီး Monday, 21 May 2012 နေ့က ဘလော့တစ်ခုတွင် ရေးသားထားတာကို အများဖတ်ရှု နိုင်အောင် ပြန်လည်ကူးယူ တင်ပြ ထား ခြင်းဖြစ်ပါသည်။ MOMO Pharmacy Myanmar အား အသိအမှတ်ပြုခြင်းများ အတွက် လည်းကောင်း၊ ကျေးဇူး တင်လွှာ များအတွက်လည်းကောင်း အားလုံးမှ ၀မ်းသာပီတိ ဖြစ်ရပါသည်။ ကျန်းမာရေး အသိပညာ အလှူဒါနပြုလုပ်ရရှိသော ကုသိုလ် အ၀၀ကိုလည်း ပြန်လည် မျှဝေ ပါရစေ။ ရသမျှ အားလပ် ချိန် အား အသုံးပြုပြီး လုပ်ဆောင်နေရပါသဖြင့် မေးခွန်းများ ပြန်လည် မဖြေကြား ပေးနိုင်တာ ကို လည်း နားလည် ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါရစေ။ ကျန်းမာချမ်းသာကြပါစေ။)


https://www.facebook.com/momopmm/photos/a.1491075344484926.1073741828

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...